Breaking

ဒွါဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် နောက်ဆုံးအဆင့် ဖြေဆိုပူဇော်ပွဲတွင် ဗုဒ္ဓမာမက ဗုဒ္ဓယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ မအိကြာဖြူက ပထမဆု ဆွတ်ခူးရရှိ

ရန်ကုန်၊ ဇွန် ၄
    မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့် ဖြေဆိုပူဇော်ခြင်း အခမ်းအနားကို အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ မေ ၂၈ နှင့် ၂၉ ရက်တွင် ပြုလုပ်ရာ ဗုဒ္ဓမာမက ဗုဒ္ဓယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ မအိကြာဖြူက ပထမရရှိခဲ့ကြောင်း သိရသည်။
    ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် အဆင့်ဆင့်ရွေးချယ်စစ်ဆေး ဖြေဆိုခဲ့ကြရာ ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ခြောက်ဦးထွက်ပေါ်ခဲ့ကာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရရှိသူများမှာ မမှူးကြယ်စင် (ဗုဒ္ဓမာမက ဗုဒ္ဓယဉ်ကျေးမှုအသင်း-ရန်ကုန်)၊ မနှင်းထက်ထက်အေး(သာသနမာမက ဓမ္မစကူးလ်-ဒိုက်ဦး)၊ မအိကြာဖြူ (ဗုဒ္ဓမာမက ဗုဒ္ဓယဉ်ကျေးမှုအသင်း-ရန်ကုန်)၊ မောင်သစ်လွင်ထူး (ဇမ္ဗူရတနာ မင်္ဂလာတရားတော်သင်တန်း-ဒိုက်ဦး)၊ (မသဇင်ထွန်း-ရင်သွေးကမ္ဘာ ဓမ္မစကူးလ်-ဓနုဖြူ)၊ မောင်ကောင်းလျှံ (သိမ်ကုန်းဓမ္မစကူးလ်-ဓနုဖြူ)တို့ ဖြစ်သည်။
    မဟာဗုဒ္ဓဝင် ဒေသနာတော် နောက်ဆုံးအဆင့်  Grand Final ကို မေ ၂၈ ရက် ညနေပိုင်းကဖြေဆိုခဲ့ကြရာ မအိကြာဖြူက ရမှတ် ၁၂၉ ဒသမ ၄ မှတ်ဖြင့် ပထမ၊ မောင်ကောင်းလျှံက ရမှတ် ၁၂၈ ဒသမ၈ မှတ်ဖြင့် ဒုတိယ၊ မသဇင်ထွန်းက ရမှတ် ၁၂၈ ဒသမ ၂ မှတ်ဖြင့် တတိယ၊ မမှူးကြယ် စင်က ရမှတ် ၁၂၈ မှတ်ဖြင့် စတုတ္ထ၊ မနှင်းထက်ထက်အေးက ရမှတ် ၁၂၃ ဒသမ ၆ မှတ်ဖြင့် ပÍ္စမ၊ မောင်သစ်လွင်ထူးက ရမှတ် ၁၁၆ မှတ်ဖြင့် ဆဋ္ဌမ အသီးသီးရရှိသည်။
    သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ပထမဆုရှင်ဆိုင်ရာ (ဆက်ဖြေမလား/ရပ်နေမလား) အစီအစဉ်ကို ပထမဆုရှင် မအိကြာဖြူက ဖြေဆိုခွင့် ရရှိသည်။
    ပထမဆုရှင် မအိကြာဖြူအနေဖြင့် ပုံမှန်အခြေခံဆုငွေမှာ ကျပ် ၁၀ သိန်း ဖြစ်သော်လည်း၊ ဗုဒ္ဓဂယာခရီးစဉ် ၁၅ ရက်ခရီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂၈၀၀ ခန့်နှင့် အခြားဆုများအပါအဝင် ဆက်ဖြေ မလား၊ ရပ်နေမလား ဆုငွေ Bonus ဆုငွေစုစုပေါင်း သိန်း ၂၈၀ ခန့် ရရှိပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရသည်။ သက်မှူး

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44936

© 2022 - 2025 News. All Rights Reserved.