Breaking

အာရှဖလားခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း ဂျာစီသစ်များကို Jogarbola မှ ရောင်းချပေးမည်

ရန်ကုန်၊ ဇွန် ၄
    မြန်မာ့လက်ရွေးစင်အသင်းသည်  ဇွန် ၁၀ ရက်တွင် အာရှဖလားခြေစစ်ပွဲအဖြစ် ပါကစ္စတန်အသင်းနှင့် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အသင်းအတွက် ဝတ်စုံပံ့ပိုးကူညီထားသည့် ဂျပန်အခြေစိုက် အားကစားပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်သော Jogarbola မှ ယင်းပွဲစဉ် မတိုင်မီ ပရိသတ်များအတွက် အသင်းဂျာစီ သစ်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    Jogarbola သည် ဂျပန်နိုင်ငံ အခြေစိုက်အရည်အသွေးမြင့် အားကစား အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်နေသည့် အားကစားပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်ပြီး ဗီယက်နမ်နှင့် ထိုင်းကလပ်အသင်းများ၊ Vietnam V League (1) , Vietnam Olympic Committee တို့နှင့် လက်တွဲခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်လက် ရွေးစင်အသင်း၏ Official Kit Sponsor ဖြစ်လာခဲ့သည်။
    ၂၀၂၅ ခုနှစ်တွင်  မြန်မာ့လက်ရွေးစင်အသင်းနှင့် ထပ်မံလက်တွဲ၍ Official Kit Sponsor အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။
    မြန်မာအသင်းနှင့် အာရှဖလား ခြေစစ်ပွဲကစားမည့် ပါကစ္စတန်လက်ရွေး စင်အသင်းသည် ဇွန်လ ၁ ရက်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီး ဇွန် ၅ ရက်တွင် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်သည်။
    မြန်မာအသင်းနှင့် ပါကစ္စတန် အသင်းတို့၏ အာရှဖလားခြေစစ်ပွဲ အုပ်စု ဒုတိယပွဲစဉ်ကို ဇွန် ၁၀ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမှာဖြစ်ပြီး ပါကစ္စတန်အသင်းအနေဖြင့် ရန်ကုန်မြို့၏ ရာသီဥတု၊ ကွင်းအနေအထားတို့နှင့် အသားကျမှုရှိစေရန် အနည်းငယ်စောပြီး ရန်ကုန်ကို လာရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    မြန်မာ့လက်ရွေးစင်အသင်း၏ Jogarbola ဂျာစီသစ်ကို Player/Fan Ver-sion Jersey များ ထုတ်လုပ်ထား ပြီး Player Version အတွက် ကျပ်တစ်သိန်းနှစ်သောင်း၊ Fan Version  အတွက် ကျပ် ၄၅၀၀၀ သတ် မှတ် ရောင်းချပေးမည်ဖြစ်သည်။   ထူးမြတ်

Total Views ~ 17

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44936

© 2022 - 2025 News. All Rights Reserved.