Breaking

ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားပွဲတော်လာ ဘုရားဖူးများ ဘေးအန္တရာယ်ကင်းရှင်းစေရေး တောင်တက်ယာ ဉ်များအား ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေး

၂၀၂၃ အောက်တိုဘာ ၁၆
    ရုံးပိတ်ရက်ကာလ သီတင်းကျွတ် လပြည့်‌နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်အ တွင်းရှိ ဆံတော်ရှင်ကျိုက် ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲအား စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
    ထို့ကြောင့် လာရောက်ဖူးမြော်ကြမည့် ဘုရားဖူး ပြည်သူများ  ဘေးအန္တရာယ် ကင်းရှင်းစွာ ဖူးမြော်နိုင်ရန် ကျိုက်ထီးရိုးဘု ရားသို့ ပို့ဆောင်ပေးမည့် တောင်တက်မော် တော်ယာဉ်များ ကြံ့ခိုင်မှု ရှိ၊မရှိ စစ်ဆေးမှုကို အောက်တိုဘာ ၁၅ ရက်က ဘုရားသုံးဆူထိုင် တော်မူဘုရား တောင်‌ခြေ၌ ပြုလုပ်ခဲ့သည်။
    တောင်တက်မော်တော်ယာဉ် အစီး ၁၅၀ ၏ စတီယာတိုင်၊ အင်ဂျင်ပါဝါ၊ တာယာ၊ ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ မော် တော်ယာဉ်ကြမ်းခင်းနှင့် ခရီးသည်များ သက်သောင့်သက်သာ ထိုင်စီးနိုင်ရန် ထိုင်ခုံ များအား အသေးစိတ်စစ်ဆေးမှု ပြုလုပ်ခဲ့  ကြောင်း ပြောသည်။
    ကျိုက်ထီရိုးဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်း အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက်က ကျင်းပပြီးဖြစ်ကာ ဂေါပကအဖွဲ့၊ တောင်တက် မော်တော် ယာဉ်အသင်း၊ ဈေးသူဈေးသားများ၊ ဟိုတယ် နှင့်မိုတယ် လုပ်ငန်းရှင်များမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွား ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    ဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများအရ ယခုကဲ့သို့ တောင်တက်ယာဉ်များအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တောင်တက် လမ်းတစ်လျှောက် သစ်ပင်ချုံနွယ်များ ရှင်းလင်းစေရေး၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်း သာစွာ ဖူးမြော်နိုင်ရေးနှင့် မိလ္လာနှင့်အမှိုက်များစနစ်တကျစွန့်ပစ်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြ မည်ဖြစ်သည်။
    မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှလည်း ဘုရားပွဲတော် လုံခြုံရေးနှင့်စပ်လျဉ်း၍ စနစ်တကျဆောင်ရွက် လျက်ရှိကာ မကြာမီ ကျရောက်မည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ ရှစ်လကြာ ကျင်းပသွားမည်ဖြစ်သည်။

Total Views ~ 199

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45050

© 2022 - 2025 News. All Rights Reserved.