၂၀၂၃ အောက်တိုဘာ ၁၆
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ အလုပ်သမားရေးရာ အငြင်းပွားမှုပေါင်း ၁၅၀ ကို ညှိနှိုင်းဖျန်ဖြေပေးခဲ့ပြီး ကျပ်သန်းပေါင်း ၁၄၈ ဒသမ ၃သန်း၊ အမေရိကန်ဒေါ်လာ ၄၈၀၀၀ နှင့် အလုပ် သမားဦးရေ ၃၆၃ ဦးကို ခံစားခွင့်ရရှိစေခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။
အောက်တိုဘာလ ၁၄ ရက်က ကျင်းပသည့် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကုန်သည်စက်မှု အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခုံသမာဓိ ကောင်စီဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက "ယနေ့ပွဲက အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ကို ဥပဒေနှင့် အညီဆောင်ရွက်နေကြတဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိကောင်စီအဖွဲ့တွေက ဖြေရှင်းခဲ့ကြတဲ့ အငြင်းပွားမှုများတွင် မိမိတို့ရဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို အပြန်အလှန်ပေါင်းစပ်ဖ လှယ်ခြင်းအားဖြင့် နောင်ကြုံလာရမယ့် အငြင်းပွားမှုများ ဖြေရှင်းတဲ့အခါ အများကြီး အထောက်အကူပြု မှာဖြစ်ပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် စက်ရုံ၊ အလုပ်ရုံ ၇၂၆၈ ရုံ၊ အလုပ်သမားဦးရေ ခုနစ်သိန်းနီးပါး အင်အား ရှိပါတယ်။ လုပ်ငန်းခွင်ဆက်ဆံရေး မပြေလည်မှု၊ စက်ရုံပိတ်သိမ်းခြင်း၊ အလုပ်ထုတ် ပယ်ခြင်းတို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်၊ ရန်ကုန်တိုင်းရှိ (ကိုကိုးကျွန်းမှအပ)မြို့နယ် ၄၄ မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ အငြင်းပွားမှုပေါင်း ၁၅၀ ကို ညှိနှိုင်းဖျန်ဖြေပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျပ်သန်းပေါင်း ၁၄၈ ဒသမ ၃သန်း၊ အမေရိကန်ဒေါ်လာ ၄၈၀၀၀ နဲ့ အလုပ်သမားဦးရေ ၃၆၃ ဦးကို ခံစားခွင့်ရရှိစေခဲ့ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်စေဖို့ အလုပ်ရှင်အလုပ်သမားအကြား မပြေလည်မှု၊ နစ်နာမှုများရှိပါက ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ကြပါ။ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့တွေကလည်း အလုပ်ရှင်အလုပ်သမားများ အားထားရတဲ့ အဖွဲ့များဖြစ်အောင် ကြိုးစားပေးကြပါ။ ဥပဒေနှင့်အညီ ဆောင် ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းအောင် ဆောင်ရွက်ပေးကြပါ"ဟု ပြော ကြားသည်။
ထို့အပြင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က "အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများတွင် တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းနိုင်ရန် နည်းလမ်းကောင်းများ၊ ရလဒ်ကောင်းများ ရရှိဖို့အတွက် ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပါတယ်၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာဖို့အတွက် အလုပ်သမားရေး ရာနဲ့ပတ်သက်ပြီး အခက်အခဲများ၊ လိုအပ် ချက်များ ဖြစ်ပေါ်လာပါက လုပ်ငန်းခွင်အ တွင်းမှာ အလုပ်ရှင်၊ အလုပ်သမား ကနဦးဆွေးနွေး၍ ပြေလည်မှု ရရှိသွားတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးကောင်း မွန်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ အကယ်၍ ပြေလည်မှုမရရှိပါက သက်ဆိုင်ရာမြို့နယ်မှာရှိသည့် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များတွင် တိုင်ကြားနိုင်ပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိလာခြင်းဖြင့် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့် အလမ်းများ များပြားလာနိုင်ပြီး အလုပ်လက် မဲ့ဦးရေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ဥပဒေနဲ့ အညီ ဖြေရှင်းဆောင်ရွက်ဖို့ လိုပါတယ်။ အ လုပ်သမားရေးရာ အငြင်းပွားမှုဥပဒေကို အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို လေ့လာပြီးတော့မှ လက်တွေ့အခြေ အနေနှင့်ကိုက်ညီမှုရှိစေရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင် တဲ့ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့နဲ့ မြေပြင်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသူများထံ အကြံပြုချက်များ တောင်းခံ၍ ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်"ဟု ပြောကြားသည်။
အလုပ်သမားရေးရာ အငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်လျှောက်ထားမှု၊ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူစာချုပ်(EC) ချုပ်ဆိုဆောင်ရွက်မှု တွင်တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ် မှုများ၊ ထည့်ဝင်ကြေးများနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊ အခကြေးငွေ ကိစ္စရပ်များ၊ အချိန်ပိုနှင့် အလုပ်ချိန်ဆိုင်ရာ စသည် တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆွေးနွေးခဲ့ကြောင်း သိရသည်။