နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာ ဇာနည် အရှင်သူမြတ်တို့ အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းပွဲသို့ တက်ရောက်ကြည်ညို

ရန်ကုန်၊ မေ ၁၄
    သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး ၁၁၂ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက် ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့ပြီး (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ ၇၆ နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော် ရသာသနာ့အာဇာနည်အရှင်သူမြတ် ၁၆ ပါးပေါ် ထွန်းလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
    (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကတ်သုံးပုံ အာဂုံရေးဖြေ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ၁၆ ပါးမြောက်အဖြစ် ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋကနိကာယ ကျောင်းတိုက်မှ အရှင်ပညာသိရီ လင်္ကာရ နှင့် မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မိုးမိတ်ကုန်းမြေ မင်းကွန်း တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ဇနိန္ဒတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
    မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မိုးမိတ်ကုန်းမြေ မင်းကွန်း တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပဏ္ဍဝါ လင်္ကာရ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ် (အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်အာစာရာလင်္ကာရနှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မိုးမိတ်ကုန်းမြေ မင်းကွန်း တိပိဋက နိကာယကျောင်းတိုက်မှ အရှင်အာနန္ဒပဏ္ဍိ တာလင်္ကာရတို့အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
    မူလအာဘိဓမ္မိက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် တစ်ပါး၊ ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် သုံးပါး၊ ဒီဃဘာဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ကိုးပါး၊ ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ်ငါးပါး၊ ဝိနယဓရဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင် မြတ် ၃၁ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင် မြတ်ခုနစ်ပါး၊ ဥဘတောဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၅၁ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦး လွင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ အသီး သီး ဆက်ကပ်လှူဒါန်းကြသည်။
    (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံ အာဂုံရေးဖြေအောင် တိပိ ဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည် အရှင်မြတ်တစ်ပါး၊ ပိဋကနှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မိကငါးပါး၊ ပိဋက နှစ်ပုံ ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည် အရှင်မြတ်သုံးပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက ဘွဲ့ရသာသနာ့ အာဇာနည် အရှင်မြတ်ကိုးပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ဝိနယကော ဝိဒဘွဲ့ရ သာသနာ့ အာဇာနည်အရှင်မြတ် ငါးပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ သာသနာ့အာဇာနည်အရှင်မြတ် ၃၁ ပါး၊ ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာ နည်အရှင်မြတ် ခုနစ်ပါး၊ ဝိနည်း(ပထမပိုင်း) အာဂုံအောင် ဥဘတော ဝိဘင်္ဂဓရဘွဲ့ရ သာ သနာ့အာဇာနည်အရှင်မြတ် ၅၁ ပါး စုစု ပေါင်း ၁၁၂ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။
    (၇၆) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ် ၁၆ ပါး ပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကို ရရှိပြီး၍ ငါးနှစ်ပြည့်မြောက်သည့်အခါ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှ ဆက်ကပ်သည့်အတွက် တိပိဋ ကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရဆရာတော် ကြီး ၁၄ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့ အာဇာနည် အရှင်သူမြတ်ငါးပါးလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Total Views ~ 149

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43465

© 2022 - 2025 News. All Rights Reserved.