၂၀၂၃ အောက်တိုဘာ ၉
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီများအားလုံး မှတ်ပုံတင်ကျ ပြီး UEC ၏ စိစစ်ရေးလုပ်ငန်းများ ပြီးစီးသွားပါက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေး ပါတီများအစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင် အချို့ထံမှ သိရသည်။
''ပါတီအားလုံးက ပါတီမှတ်ပုံတင် မကျသေးဘူး။ ပါတီအားလုံး မှတ်ပုံတင်ကျ ပြီးမှပြန်ပြီးတော့ ရွေးရမှာပေါ့။ အခုကပါတီ သုံး၊ လေးပါတီက ပါတီအဟောင်းတွေတောင် မှတ်ပုံတင်မကျသေးဘူး။ ဒါကလည်း UEC က စိစစ်နေတာပေါ့။ အားလုံးပြီးရင် ပြန် ရွေးရမှာပေါ့''ဟု ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
UEC ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၅ ရက်အထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရ ရှိပြီးဖြစ်သော ပါတီပေါင်း ၃၇ ပါတီရှိနေပြီး လက်ရှိတွင် UEC မှ မှတ်ပုံတင်ခွင့်ပြုပြီးသော တိုင်းနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးများမှ ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာ ရင်းများ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
''အခု လောလောဆယ်က UPDJC က မလုပ်နိုင်သေးဘူး။ ပါတီတွေက အခုမှ လူအင်အား စာရင်းတင်တဲ့ ကိစ္စ၊ ရုံးခန်းဖွင့်ဖို့ကိစ္စလုပ်နေရတာဆိုတော့ UPDJC ရဲ့ နိုင်ငံရေးအစုအဖွဲ့က ဖွဲ့လို့မ ရသေးဘူး ပေါ့။ ပါတီတွေအားလုံး ကျပြီဆိုရင်တော့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ဆိုတာက ရှိကိုရှိရမယ်။ အဲဒီအချိန်ကျရင် ဖွဲ့ရမှာပါ။ အခုက ဖွဲ့လို့မရသေးဘူးလေ။ ပါတီတွေ အကုန်လုံး မှတ်ပုံတင်ပြီးသွားပြီ။ အားလုံးလူဦးရေလည်း ပြည့်သွားပြီ။ ရုံးတွေလည်း ဖွဲ့ပြီးသွားပြီဆိုရင်တော့ ဒါဆိုရင် ကိုယ့်အ စုအဖွဲ့ ဖွဲ့လို့ရပြီ"ဟု ဖက်ဒရယ်ဒီမို ကရက်တစ်ပါတီဒုတိယဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
UPDJC ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်သုံးခုပေါင်းထားသည့် အစုအဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့များမှ ကိုယ်စားလှယ် ၁၆ ဦးဆီဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲရေးသဘောတူစာချုပ် (NCA) အရ ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းထားခဲ့ ကြောင်း သိရသည်။