Breaking

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အမတော် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသက်‌တော်(၉၇)တွင် ပျံလွန်တော်မူ

၂၀၂၃ အောက်တိုဘာ ၅


သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊ညောင်ပင်ကျေးရွာဇာတိဖြစ်ကာ မိဘများမှာ ဦးစံလှနှင့်ဒေါ်ခက်တို့ဖြစ်ပြီး မွေးချင်း ၉ ယောက်အနက် ၄ ယောက်မြောက်ဖြစ်ကာ မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ်၊ဝါဆိုလပြည့်ကျော် ၈ ရက် တနင်္လာနေ့ နံနက် ၅ နာရီတွင်ဖွားမြင်ခဲ့ပြီး လူအမည်မှာ မသိန်းကြည်ဖြစ်သည်။

မသိန်းကြည်သည် ညောင်ပင်ရွာ၏ ချမ်းသာရဆုတောင်းပြည့်ဘုရားပွဲနေ့၏ ဘုရားပွဲနေ့မဲကျသည့် ငှက်စားကျောင်းဆရာတော်အား အိမ်ရှေ့ခန်း၌ ဆွမ်းကပ်နေစဉ် အိမ်နောက်ခန်း၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။

မသိန်းကြည်သည် အသက်(၁၄)နှစ်ကျော်အရွယ် ၁၃၀၃ ခုနှစ်၊နကုန်လ္ဆန်း ၈ ရက်၌ စစ်ကိုင်းတောင် ရိုးဝိပဿာနာဂန္ဓာရုံချောင် ပဌမဝိပဿနာဆရာတော် အရှင်ဣန္ဒာသဘထံတွင် သီလခံယူကာ သီလရှင်ဝတ်ခဲ့ရာ သီလရှင်ဘွဲ့မှာ မကုသလာဖြစ်သည်။

Total Views ~ 245

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45016

© 2022 - 2025 News. All Rights Reserved.