၂၀၂၃ အောက်တိုဘာ ၉
မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများ ကြိုးပမ်းရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင် Exporter များအတွက် အထူး အခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း ကုန်သည်စက်မှု အသင်းချုပ်(UMFCCI)မှ အောက်တိုဘာ ၈ ရက်တွင် အသိပေးထားသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ဆန်၊ ရော်ဘာ၊ ရေ ထွက်ကုန်အမျိုးမျိုး၊ သစ်သီးဝလံနှင့် CMP ကဏ္ဍတို့သည် ပို့ကုန်အဖြစ် အများဆုံးတင်ပို့ လျက်ရှိသည့် ကုန်စည်အမယ်များ ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးအတွက် ပို့ကုန် အမယ်အမျိုး မျိုးကို တရားဝင်တင်ပို့နေသော ပို့ကုန်လုပ်ငန်းရှင်များအား အကျိုးခံစားခွင့်များ ပိုမိုရရှိနိုင်ရန် အထူးအခွင့်အရေး ပေးမည့် အစီအစဉ်များကို ညှိနှိုင်းတိုင်ပင် ရေးဆွဲလျက်ရှိကြောင်း သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟူ၍ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းအစီအစဉ်အရ ပို့ ကုန်လုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များ ပိုမိုရရှိလာနိုင်တော့မည်ဟုလည်း UMFCCI မှ အသိပေး ထားသည်။
၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ ဒေါ်လာ ၁၆ ဒသမ ၆၂ ဘီလီယံနှင့် ပြည်ပနိုင်ငံများမှ သွင်းကုန်ပမာဏ ဒေါ်လာ ၁၇ ဒသမ ၃၅ ဘီလီယံ၊ စုစုပေါင်းပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဒသမ ၉၇ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန် ပမာဏ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီ ယံနှင့် ပြည်ပနိုင်ငံများမှ သွင်းကုန်ပမာဏ ဒေါ်လာ ၁၆ ဘီလီယံ၊ စုစုပေါင်း ပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံအထိ ရှိမည်ဖြစ်ကြောင်း ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်း အချက် အလက်များကို ကိုးကာ၍ UMFCCI မှ ထုတ်ပြန်ထားသည်။