ပို့ကုန်သွင်းကုန်များအပေါ်  ဈေးကွက်ငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲ ကောက်ခံမည်

ရန်ကုန်၊ ဇန်နဝါရီ ၈
    ပို့ကုန်သွင်းကုန်များအပေါ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဈေးကွက်ငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲ ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲမှ သိရသည်။ 
    ပို့ကုန်သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံရာတွင် ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲနှုန်းကို အခြေခံသော အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် ကောက်ခံရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဈေးကွက်ငွေလဲနှုန်းအား အခြေခံသည့် အပတ်စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
    အခွန်စည်းကြပ် ကောက်ခံရာတွင် အသုံးပြုမည့် ဈေးကွက်ငွေလဲလှယ်နှုန်းအား အခြေခံသည့် အပတ်စဉ်နိုင်ငံခြား ငွေလဲလှယ်နှုန်းများကိုလည်း အကောက်ခွန်ဦးစီးဌာန၏ Website ၊ Facebook Page တွင် အပတ်စဉ် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 141

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43376

© 2022 - 2025 News. All Rights Reserved.