Breaking

ပုဂံဒေသ မိုးပျံပူဖောင်းပျံသန်းသည့် ခရီးစဉ်များ ယခုလအတွင်းစတင်၊ နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများ စီးနင်းမှုများပြား

၂၀၂၃ အောက်တိုဘာ ၉
    ပုဂံဒေသ မိုးပျံပူဖောင်းပျံသန်းသည့် ခရီးစဉ်များကို ယခု အောက်တိုဘာလအတွင်းစတင်ခဲ့ပြီး နိုင်ငံခြားသားနှင့် ပြည် တွင်းခရီးသွားများပါ စီးနင်းကြသူများပြားကြောင်း Heritage Bagan Hotel  နှင့် Orie-ntal Ballooning Myanmar တို့မှ သိရသည်။ 
    ယမန်နှစ်က မိုးပျံပူဖောင်း ပျံသန်းသည့် ရာသီကို နိုဝင်ဘာလမှသာ ပျံသန်းကြသော်လည်း ယခုနှစ်တွင် အောက်တိုဘာလမှ စတင်၍ ဧပြီလအထိ ပျံသန်းသွားမည်ဖြစ်ကြောင်း Oriental Ballooning Myanmar မှ Balloon Ticket အရောင်းပိုင်း တာဝန်ရှိသူ မတင်ဇာထိုက်က ပြောသည်။ 
    "အောက်တိုဘာကနေ ဧပြီလအထိ ပျံသန်းသွားမှာပါရှင့်။ မိုးပျံပူဖောင်းက နိုင်ငံခြားသားရော၊ ပြည်တွင်းကလူတွေရော စီးကြပါတယ်။ Local ကတော့ ပိုများတယ်။ ခရီးသွားဝင်ရောက်မှုကတော့ ဒီလမှ စတာဆိုတော့ ပြောပြလို့ မရသေးပါဘူး။ မနှစ်ကကျတော့ ညီမတို့ Balloon အသင်းက အောက်တိုဘာမှာ စမပျံဘူး။ နိုဝင်ဘာ ၁၇ ကျမှ စပျံတာ။ ခရီးသည်ကတော့ များခဲ့ပါတယ်။ ဒီနှစ်မှာကျတော့ အောက်တို ဘာကနေ စပြီးပျံကြည့်လိုက်တာပေါ့။ Local နဲ့ Foreigner နဲ့က ဈေးနှုန်းအတူတူပါပဲ။ ဈေးတစ်ခုပဲ သတ်မှတ်ထားပါတယ်။ ညီမတို့ဆီမှာ မနက်ဖြန်အတွက် Balloon စီးမယ်ဆိုရင် ဒီနေ့ကတည်းက Payment က တစ်ခါတည်း ကောက်ထားရတာ။ မနက်အစောကြီးမှာ သူတို့တည်းတဲ့ ဟိုတယ်မှာ Ticket တွေ လိုက်ပေးတယ်။ ကွင်းရောက်တဲ့အချိန် Pi-lot က Weather ကောင်းရင် ပျံသန်းပေးပါတယ်။ Weather မကောင်းဘူးဆိုရင် မပျံပဲနဲ့ ဥပမာ တိမ်ထူလို့ ပျံလို့မရလို့၊ မိုးရွာလို့ သစဖြင့် လေတိုက်နှုန်း မြင့်မားလို့အကြောင်း အမျိုးမျိုးရှိနိုင်တယ်။ ဧည့်သည်တွေကိုလည်း ရှင်းပြရတာပေါ့နော်။ ပျံလို့မရဘူးဆို ရင် ငွေ ပြန်အမ်းပေးပါတယ်"ဟု ၎င်းကပြောသည်။ 
    ယမန်နှစ်က မိုးပျံပူဖောင်းပျံသန်းသည့် ခရီးစဉ်များတွင် နိုင်ငံခြားသားများ စီးနင်းမှု များပြား သော်လည်း ယခုနှစ်တွင်မှု ပြည်တွင်းခရီးသွားများပါ စီးနင်းမှုပိုမိုများပြားနိုင်ကြောင်း၊ ဆောင်းရာသီကာ လသည် မိုးပျံပူဖောင်းပျံသန်းရာတွင် အကောင်း ဆုံးဖြစ်ကြောင်း Heritage Bagan Hotel မှ တာဝန်ရှိသူက ပြောသည်။ 
    "ကျွန်တော်တို့ ဟိုတယ်က တွဲရောင်းတာကတော့ စီးတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ Booking တွေရှိတယ်။ တကယ်တမ်းပျံသန်းတာက တစ်ရက်၊ နှစ်ရက်ပဲ ရှိသေးတယ်။ ဧပြီလအထိတော့ ပျံသန်းသွားဖို့ ရှိပါတယ်ခင်ဗျ။ မိုးပျံပူဖောင်း ပျံသန်းတာကတော့ ပုံမှန်နှစ်တွေကတော့ ၁၀ လပိုင်း လဝက်လောက်ဆိုရင် ရာသီဥတုကောင်းပြီ။ ဆောင်းရာသီဆိုရင် ရာသီဥတု ကောင်းတယ်။ ဆောင်းရာသီကို အဓိကပျံသန်းတာပါ။ ပျံသန်းဖို့အတွက်ကတော့ အခုမှ ပြန်လုပ်နေတာပါ။ ကျွန်တော်တို့ ဟိုတယ်ကို ကပ္ပတိန်တွေတော့ ရောက်လာပါပြီ။ နိုင်ငံခြားသား Pilot တွေပေါ့။ ခါတိုင်း နှစ်တွေကတော့ နိုင်ငံခြားသားတွေပဲ စီးနင်းတာများတယ်။ ဒီနှစ်မှာတော့ Local တွေလည်း ပါလာတာပေါ့။ အောက်တိုဘာ ၇ ရက်ကနေ စပျံတာပေါ့။ ဧပြီလအထိ ပျံသန်းမယ်။ ကျွန်တော်တို့က အခန်းနဲ့ တွဲရောင်းတာဆိုတော့။ ကျွန်တော်တို့ကတော့ ဈေးနှုန်းကို ပြောပြလို့မရပါဘူး။ ဘယ်သူ့မှပြော လို့မရဘူး။ တကယ်လို့မှ သိချင်တယ်ဆိုရင် အခန်းတွေဘာညာယူ ပြီးမှ အဲဒီလိုမှရတာပါ။ ဒီနှစ်အတွက်ကတော့ ခရီးသွားနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့လည်း လုပ်နိုင်တဲ့အားနဲ့ လုပ်နေတာ ပေါ့။ ခရီးသည်လာခြင်း မလာခြင်းကတော့ ခရီးသွားတွေရဲ့ စိတ်ဆန္ဒအပေါ်မူ တည်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထက်စာရင် ဒီနှစ်ကတော့ ခရီးသည်ဝင် ရောက်မှုပိုများတယ်လို့ ပြောရမယ်"ဟု ၎င်းက ပြောသည်။ 
    မြန်မာနိုင်ငံတွင် Balloons စီးနင်းခြင်း ယခုနောက်ပိုင်း Trends တစ်ခုဖြစ်လာခဲ့ပြီး ရှေးယခင်က Foreigner အများ သာအစီးများပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ပြည်တွင်းစီးနင်းသူများပြား လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပျံသန်းသည့် Balloons များမှာ Oriental Ballooning, Balloons Over Bagan (B0B), Golden Eagle Ballooning ,STT Balloo-ning  စသဖြင့် အများအပြားရှိကြောင်း သိ ရသည်။ 
    ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုး သက်ရောက်မှုများသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား များအရ ခရီးသွားကဏ္ဍမှ အလုပ်အကိုင် ဖန်တီးမှုသည် ရာခိုင်နှုန်း ၇၀ ကျော် ကျ ဆင်းသွားခဲ့သကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံမှ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ် လာ ၁၂ ဒသမ ၆ ဘီလီယံထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ 
    ယနေ့အချိန်အခါ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ လျော့နည်းလာပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာကြပြီဖြစ်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ စာရင်းများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်ကာလ၌ ကမ္ဘာလှည့်ခရီးသည် ၂၃၅ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်အလားတူကာလ ထက်နှစ်ဆ၊ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ကာလ၏ ရာခိုင်နှုန်း ၈၀ အထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။ 
    မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခု နှစ် ဧပြီ ၁၇ ရက်မှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲ ခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် E-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ ရေဆိပ်နှင့်နယ်စပ် စသည့် နိုင်ငံတကာဝင် ပေါက်အသီးသီးမှ နိုင်ငံတကာ ခရီးသွား စုစုပေါင်း နှစ်သိန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်း သိရသည်။ 
    ယခုကဲ့သို့ ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့ပြီး အလား တူကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်နှစ်က တစ်သိန်းကျော်သာ ဝင်ရောက် ခဲ့သည့်အတွက် ခြောက်ဆခန့် တိုးတက်လာခဲ့သည်။
    နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည် ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့် နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်း ကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပြီး ထိုသို့ဆောင်ရွက်ရာ၌ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာ လုပ်ငန်း စီမံချက်များ ရေးဆွဲဆောင်ရွက် ထားကြောင်း သိရသည်။
    ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ် ငန်းနေ့၏ ဦးတည်ဆောင်ပုဒ်အဖြစ် "ခရီး သွားလုပ်ငန်းဖွံ့ဖြိုး ရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး" Tourism and Green Investments  ကို သတ်မှတ်ထားကြောင်း သိရသည်။

Total Views ~ 217

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45037

© 2022 - 2025 News. All Rights Reserved.