၂၀၂၃ အောက်တိုဘာ ၉
ပဲခူးမြို့နယ်တွင် ရေဘေးကယ် ဆယ်ရေးစခန်း ၂၂ ခု၌ လူဦးရေ ၅၆၄၈ ဦး လာရောက် နေထိုင်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
ပဲခူးမြို့နယ်အတွင်း အောက်တို ဘာ ၆ ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း မှုကြောင့် အောက်တိုဘာ ၈ ရက် ညနေပိုင်းက ရေတားတာပေါင်များ ရေကျော်မှုဖြစ်ပွားခဲ့ရာ ကျောက်ကြီးစုရပ်ကွက်ရှိ ပဲခူးမြစ်ရေတားတာပေါင် ရေကျော်နေမှုအား အရေးပေါ် သဲအိတ်များချခြင်း၊ မျှောရိုက်ခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့အတွင်း မြေနိမ့်ရပ်ကွက်များ ဖြစ်သည့် မြို့သစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
လက်တလော အခြေအနေအရ အနောက် ရွှေနံ့သာဘုန်းတော်ကြီးကျောင်း၊ ကလျာဏီ သိမ်ကျောင်းနှင့် ဒက္ခိဏသာခါရာ မကျောင်းတိုက်များတွင် ရေဘေးကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ထားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေဘေးကယ်ဆယ် ရေးစခန်းများအတွက် ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၂၀၀ ၊ ကြက်ဥ၊ ဘဲဥနှင့် ငါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။