၂၀၂၄ ဇန်နဝါရီ ၁၀
ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် လုံခြုံရေးနှင့်ပတ်သက်၍ ယခင် အခမ်းအနားများထက်ပို၍ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက ပြောသည်။
"ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာလည်း ကျွန်တော်တို့နိုင်ငံ ရဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ လူမျိုးစုလက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်း ရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သဘောတူ ထူထောင်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ထောင် စုနေ့အခမ်းအနားက နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်တဲ့အတွက် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ပြီး သေသေချာချာ တိတိကျကျ စစ်ဆေးဆောင်ရွက်သွား ကြရမှာ ဖြစ်တယ်။ လုံခြုံရေးနှင့်ပတ်သက်လို့ ယခင်အခမ်းအနားများထက်ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားကြရမှာဖြစ်တယ်"ဟု ၎င်းကပြောသည်။
ဇန်နဝါရီ ၈ ရက်က (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအ ဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားခြင်းဖြစ်သည်။
ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမတိုင်ခင်ကပင် ပြည်ထောင်စုနေ့ကျင်းပရေးကော်မတီ ခုနစ်ခုနှင့် ဆပ်ကော်မတီရှစ်ခု က ဆောင်ရွက်သင့်သည့် ကိစ္စများကို ကြို တင်အတည်ပြုချက်၊ ညွှန်ကြားချက်များရယူပြီး ဖြစ်ပါကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာလ ပြီးဆုံးသွားသော်လည်း ကိုဗစ် -၁၉ ရောဂါပိုးများသည် အနည်းနှင့်အများ ကူးစက်နိုင်သည့်အတွက် ယခုအခမ်းအနားသို့ လာရောက်ကြမည့် ဧည့်သည်တော်များ အားလုံး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိ ယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားသည်။
၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသား ရေးဦးတည်ချက် ငါးရပ်ဖြစ်သည့် ပြည်ထောင်စုကြီး ထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့် ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိ စေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မ တော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုး ပမ်းဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူ အားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင်ရွက် ရေး၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်း သားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး တိုင်းရင်း သားအားလုံး ဝိုင်းဝန်းဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။