ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု ရှစ်လအတွင်း ကန်ဒေါ်လာ သန်း ၄၅၀ ခန့် ရရှိခဲ့

၂၀၂၃ ၊ ဒီဇင်ဘာ ၂၀
    ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ ရှစ်လအတွင်း ပြည်ပသို့ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ တင်ပို့မှုသည် မက်ထရစ်တန်ချိန် ၂၉၃၇၀၁ ဒသမ ၉၄၁ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄၈ ဒသမ ၅၇၉ သန်း ရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာအောင်ကြီးက ပြောသည်။
    ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ (၁)၌ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
    အစည်းအဝေးတွင် မြန်မာ့ရေ သယံဇာတများ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်ရန် ဖမ်းဆီးထုတ်လုပ်ခြင်းအစား မွေးမြူထုတ်လုပ်ခြင်းကို အလေးပေးဆောင် ရွက်ကြရန်၊ စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်အရည် အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြား ဆွေးနွေးခဲ့ကြသည်။
    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ် ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများကလည်း အချက်အချို့ ဆွေးနွေးတင်ပြကြရာ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြ ကြောင်း သိရသည်။
    မြန်မာ့ ငါး၊ ပုစွန်နှင့်ရေထွက်ကုန် တင်ပို့မှု ကဏ္ဍကြီးထွားဖွံဖြိုးလာစေရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီသည် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)အား ကောလိပ်အဆင့် မြှင့်တင်ရန် ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်က သွားရောက်ခဲ့ပြီး အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံခဲ့သည်။
    တွေ့ဆုံစဉ် ငါး၊ ပုစွန် များတိုးတက်လာစေရန် သုတေသန လုပ်ငန်းများဆောင် ရွက်ရန်လိုအပ်ပြီး လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ကြောင်း ပြောကြားခဲ့ကာ အဆင့်မြင့် ပညာရပ်များဆက် လက်သင်ကြားနိုင်ရန် သိပ္ပံကျောင်းများမှတစ် ဆင့်တက္ကသိုလ်နှင့် ကောလိပ် ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ နိုင်ငံတစ် ဝန်း ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို ၂၀၂၄ ပညာသင်နှစ် မှစ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Total Views ~ 146

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43435

© 2022 - 2025 News. All Rights Reserved.