Breaking

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအပါအဝင် ရထားခရီးစဉ် အချို့ကို ယာယီရပ်နားထား၊ ရေပြန်ကျချိန် လမ်းကြံ့ခိုင်မှုပြုပြင်စစ်ဆေးပြီးမှသာ ခရီးစဉ်များ ပုံမှန်ပြန်လည်ပြေး ဆွဲသွားမည်

၂၀၂၃ အောက်တိုဘာ ၁၀ 
    ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း ပိုင်း၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပဲခူး ရထားလမ်းပိုင်းတို့တွင် ရထား လမ်းများရေကျော်နေသဖြင့် လူစီးရထားခရီး စဉ်များ ခေတ္တရပ်နားထားရကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
    ရထားသံလမ်းအပေါ်  ရေကျော် တက်မှုများကို တိုင်းတာကြည့်ခဲ့ရာ အောက်တိုဘာ ၉ ရက်တွင် ၁၆ လက်မ၊အောက်တိုဘာ ၁၀ ရက်တို့တွင် ၁၅ လက်မရှိနေပြီး ရေ ကျော်တက်နေသည့် ရထားလမ်း ပိုင်းအတွင်း ရေပြန်လည်ကျဆင်းသွားချိန်တွင် လမ်း၏ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီးနောက် လိုအပ်သည်များကို မွမ်းမံပြင်ဆင် ပြီးမှသာ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) ရန်ကုန်မှ တာဝန်ရှိသူတစ် ဦးကပြောသည်။
    "သူက ဒီနေ့(အောက်တိုဘာ ၁၀)မနက် ၆ နာရီက တိုင်းတော့ သံလမ်းပေါ်မှာ ရေက ၁၅ လက်မရှိတာပေါ့။ ရေကမကျသေးဘူး။ မနေ့ကလည်း မနက် ၆ နာရီ တိုင်းတော့ရေက ၁၆ လက်မ။ အဲဒီတော့ မနေ့ကနဲ့ ဒီနေ့က ၁ လက်မပဲ ကျသေးတာပေါ့။ ကျွန်တော်တို့က ရေကျပြီးသွားပြီဆိုရင် လမ်းပိုင်းကြံ့ခိုင်ရေးကို ပြန်စစ်ရဦးမယ်လေ။အဲဒီမှာ ဘာတွေလိုအပ်မလဲ၊ ကျောက်ကြီးလို သလား၊ ကျောက်သေးလိုတာလား။ ရထားက ပြေးလို့ရပြီလား၊ မရသေးဘူးလား အဲဒါကို ပြန်စစ်မယ်လေ။ စစ်ပြီးလို့ မြို့ပြအင်ဂျင်နီယာ ဌာနကနေပြီးတော့ အိုကေရပါပြီ။ ရထားပြေးလို့ရပါပြီဆိုတော့မှ လမ်းပိုင်း ကို ပြန်ဖွင့်မှာပါ။ အခုကတော့ ရေပြန်မကျသေး တဲ့အတွက် ဘာမှလုပ်မရသေးဘူး။ ဒီနေ့ဆိုရင်လည်း ရွာနေသေးတယ်။ ရေကျမှလမ်းတွေကို ပြန်စစ်တာ နောက်ဆက်တွဲတွေ ဆက်လုပ်ရမှာပေါ့။ ဘယ်နေ့ ပြန်ဖွင့်နိုင်မလဲ ဆိုတာတော့ ပြောဖို့ခက်တာပေါ့"ဟုအထက် ပါ တာဝန်ရှိသူက ရှင်းပြသည်။
    ထို့အပြင် လမ်း၏ကြံ့ခိုင်မှုအခြေ အနေများကို စစ်ဆေးခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပြီးသွားပါက ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲသွားမည့် အချိန်ကာလကို ကြိုတင်အ သိပေးကြေညာ သွားဟုလည်း ၎င်းက ဆက်ပြောသည်။
    ထို့သို့ မိုးသဲထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းများ ရေကျော်နေသည့်အတွက် အောက်တိုဘာ ၈ ရက်မှ စတင်ကာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းနှင့် ရန်ကုန် -ပဲခူး ရထားလမ်းပိုင်း ခရီးစဉ်များပြေးဆွဲမှုကို ယာယီရပ်နားထားကာ ထိုခရီးစဉ်များအတွက် လက်မှတ်အရောင်းများ ယာယီပိတ်ထားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45028

© 2022 - 2025 News. All Rights Reserved.