Breaking

မီးပွိုင့်များတွင် YBS စီးခရီးသွားများ အလစ်အငိုက်စောင့်၍ ဖုန်းလုယက်မှုများ မကြာခဏ ကြုံတွေ့လာရ

၂၀၂၃ ၊ အောက်တိုဘာ ၁၆
    ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်း ပြီး ဖုန်းအသုံးပြုနေသူများကို ပစ်မှတ်ထားကာ မီးပွိုင့်ယာဉ် အထွက်တွင် လက်ကိုင်ဖုန်းများကို လုယက် ယူဆောင်သွားမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
    ခရီးသည်တင် ယာဉ်အများစုမှာ မှန်အလုံပိတ် အဲယားကွန်းယာဉ်များဖြစ် သော်လည်း အချို့ယာဉ်လိုင်း များတွင် အဲယားကွန်းတပ်ဆင်ထားခြင်း မရှိသည့်ယာဉ်များ ရှိနေဆဲဖြစ်ပြီး အဆိုပါယာဉ်၏ တံခါး ပေါက်ဘက်ခြမ်းတွင် လိုက်ပါစီးနင်းသူများ  ဖုန်းအသုံးပြုခြင်းကို ပစ်မှတ်ထားကာ လုယက် ယူဆောင်မှုများ ဖြစ်ကြောင်း သိရသည်။
    "တချို့ကလည်း ယာဉ်ပေါ်မှာ နေရာရတော့ အေးအေးဆေးဆေး ဖုန်းထိုင်သုံးကြတာပေါ့။ ယာဉ်ရဲ့ တံခါးပေါက်ဘက် ခြမ်းမှာထိုင်ပြီး ဖုန်းသုံးနေတော့ ပတ်ဝန်း ကျင်ကို သတိမထားမိဘူး။ ဒါကို လုယက်သူတွေက မီးပွိုင့်အထွက်မှာ ကားကအထွက် သူတို့က ခုန်ပြီး လုယက်ထွက်ပြေးကြတာ ယာဉ်မောင်းကလည်း မီးပွိုင့် အထွက်ဆိုတော့  ယာဉ်ကို ရုတ်တရက်ပြန်ရပ်လို့မရတော့ ဒါကို အသုံးချပြီး လုယက်ကြတာပဲ၊ အများဆုံး ဖြစ်တာကတော့ တာမွေဗလီမီးပွိုင့်မှာမကြာ ခဏဖြစ်တတ်တယ်။ အဲ့ဒီနားမှာက ဖုန်းအဟောင်းဈေးကွက်က လည်း ရှိနေတော့ လုယက်သူတွေ အစအနဖျောက်ဖို့ နေရာ ကောင်းဖြစ်နေတယ်"ဟု ရုံးဝန်ထမ်းတစ်ဦး ဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။
    ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ စီးနင်းလိုက်ပါသည့် YBS ယာဉ်များ အစီးရေများ ပြားလာခြင်းကြောင့် ခရီးသည်နှင့် မျှတလာသည့်အတွက် ယာဉ် ပေါ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူ များ လျော့နည်းသွားသော်လည်း အထက်ပါနည်း လမ်းအတိုင်း အလစ်အငိုက်စောင့်ကာ လု ယက်မှုများ ကြုံတွေ့နေရသည့်အတွက် မီးပွိုင့်များတွင် ဖုန်းအသုံးပြုမှုကို သတိပေးနေ ရကြောင်း YBS 111  ယာဉ်မောင်းဖြစ်သူ ဦးကျော်ကြီးက ပြောသည်။
    "သတိတော့ ထားပေးတာပေါ့ဗျာ။တချို့လည်း ကားပေါ်ရောက်တာနဲ့ ဖုန်းက လွဲပြီး ကျန်တာ အာရုံမရကြဘူး။ ဒီတော့ ချောင်းမြောင်းနေသူအတွက် အကွက်တွေ့ တာပေါ့။ အလုံပိတ်ကားတွေကတော့ အေး ဆေးပဲ။ ကျွန်တော်တို့ မှန်ဖွင့်မောင်းရတဲ့ အရင်က ယာဉ်ဟောင်းတွေကတော့လုယက်မှု ခဏခဏကြုံနေရ တယ်"ဟု ဦးကျော်ကြီး ကပြောသည်။
    ရန်ကုန်တိုင်းဒေသကြီး အတွင်း နေ့စဉ်  YBS ယာဉ်လိုင်းပေါင်း ၁၃၀ ကျော်မှ ယာဉ်အစီးရေး ၃၃၀၀ ကျော်ဖြင့် နေ့စဉ်ပုံမှန် ပြေးဆွဲဝန်ဆောင်မှု ပေးလျက်ရှိသည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45055

© 2022 - 2025 News. All Rights Reserved.