Breaking

မြန်မာလုပ်သား ၁၀၀၀ နီးပါးခေါ်ယူမည့် ဂျပန်ကုမ္ပဏီ ၃၁၄ ခုမှ အလုပ်ကမ်းလှမ်းစာများ ရရှိ

၂၀၂၃  စက်တင်ဘာ ၃
    မြန်မာလုပ်သား ၁၀၀၀ နီးပါး ခေါ်ယူမည့် ဂျပန်ကုမ္ပဏီ ၃၁၄ ခုမှ အလုပ်ကမ်းလှမ်းစာများ ရရှိထားကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၏ အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်ချက်အရ သိသည်။
    မြန်မာသံရုံး တိုကျိုမြို့မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ အောက် တိုဘာလ ၂ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၁၄ ခုနှင့် ပတ်သက် သည့် အချက်အလက်များအား အသိပေး အကြောင်းကြားထားပြီး ထုတ်ပြန်ချက်အရ  မြန်မာအလုပ်သမား အမျိုးသား ၃၀၀ကျော်၊ အမျိုးသမီး ၆၀၀ ခန့် စုစုပေါင်း ဦးရေ ၁၀၀၀ နီးပါး ခေါ်ယူမည်ဖြစ်ကြောင်း သိရ သည်။ 
    မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီး ကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ လျက်ရှိကြောင်း သိရသည်။
    ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြား ခဲ့သော အလုပ်ကမ်းလှမ်း စာ ၃၄၂ ခုကို မြန်မာသံရုံး တိုကျိုမြို့မှ ထုတ်ပြန်ခဲ့သည်။

Total Views ~ 213

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45002

© 2022 - 2025 News. All Rights Reserved.