၂၀၂၃ အောက်တိုဘာ ၁၆
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာ ရပ်တည်ထောက်ခံ လျက်ရှိကာ နိုင်ငံပြိုကွဲ စေမည့် လုပ်ဆောင်မှုများကို လက်မခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် Mr. Deng Xijun က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က NCA လမ်း ကြောင်းပေါ်မှ ခိုင်မာစွာရပ်တည်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာ ရပ်တည်ထောက်ခံ လျက်ရှိသည့် အခြေအနေများနှင့် နိုင်ငံပြိုကွဲ စေမည့်လုပ်ဆောင်မှုများကို လက်ခံမှုမရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ် နိုင်ငံနှင့် နယ်စပ်ဒေသတည် ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် အခြေပြု ၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့်လုပ်ဆောင်ချက်များကို လက်သင့်ခံမှုမရှိသည့် အခြေအနေများပြောကြား ခဲ့သည်။
ထို့အပြင် အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာ တွင် NCA စာချုပ်ကဲ့သို့ ခိုင်မာမှု၊ တရားဝင်မှုရှိသည့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိကဝတ်များဖြင့်သာ ဆောင်ရွက်ခဲ့ကြမှု အခြေအနေများနှင့် ခိုင်မာလေးနက် တရားဝင်မှုရှိသည့် NCA လမ်းကြောင်းအပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန် တိုက်တွန်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှုအပေါ် ခိုင်မာစွာရပ်တည် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အွန်လိုင်းလောင်း ကစားမှုများနှင့် အွန်လိုင်းလိမ် လည်မှုများ ပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။
ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနား ထည်ဝါစွာဖြင့် အောင်မြင်အောင်ဆောင်ရွက် နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။