Breaking

မြန်မာ့ဇာတ်သဘင်လောကသားများအတွက် သဘင်အစည်းအရုံး၊ သဘင်အိမ်ရာနှင့် သဘင်ရွာ ဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်နေ

၂၀၂၃  အောက်တိုဘာ ၉
    မြန်မာ့ဇာတ်သဘင်လောကသား များအတွက် သဘင်အစည်းအရုံး၊ သဘင်အိမ်ရာနှင့် သဘင်ရွာဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌဦးဖိုးချစ်က အောက်တိုဘာ ၇ တွင် မြို့မကျောင်းလမ်း ရှိအမျိုးသားဇာတ်ရုံ၌ ပြုလုပ်သည့် တတိယအကြိမ်မြာက် သဘင်သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
    ''နိုင်ငံတော်က ချီးမြှင့်ပြီး ချထားပေးထားတဲ့ မင်းဓမ္မမြေဧက တစ်ဧကပေါ်မှာ မကြာခင် သဘင်အစည်းအရုံးကို ရှိတဲ့ခွန် အားလေးနဲ့စတင်ပြီး တည်ဆောက်ဖို့ ရှိပါတယ်။ သမိုင်းတစ်လျှောက် နှစ်ပေါင်းများ စွာ သဘင်အစည်းအရုံး တည်ရှိခဲ့ပေမယ့် အခုချိန်အထိ အစည်းအရုံးပိုင်တဲ့ ရုံးဆိုတာ မရှိခဲ့ပါဘူး။ လွန်စွာအားကျပါတယ်။ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး မိတ်ဖက် ညီနောင်တွေကို တကယ်လည်း အားကျပါတယ်။ တကယ်လုပ်ဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကိုလည်း အားကျပါ တယ်။ ကျွန်တော်တို့ကတော့ ကြိုးစားနေတာကြာပြီ ဖြစ်ပေမယ့် အခုမှစတင်ပြီးတော့ အကောင် အထည်ဖော်မှာ ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ထောက်ကြန့်စစ်သင်္ချိုင်းနဲ့ မျက်နှာ ချင်းဆိုင်မှာ ရှိတဲ့ မြေငါးဧကကို တင်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီမှာ သဘင်အနုပညာရှင် ၂၀၀၀ နဲ့ ၂၅၀၀ ကြားနေလို့ရ အောင် စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သဘင်လောကသားများမှလွဲပြီး အခြားများ ကို လက်လွဲရောင်းချခွင့်မပြုတဲ့ စီမံကိန်းဖြစ်ပါတယ်။ ပြင်ပကို လွှဲပြောင်းခွင့်မပြုဘဲနဲ့ ရောင်းချခွင့်မရှိတဲ့ သဘင်အိမ်ရာစစ်စစ်ဖြစ် ပါတယ်။ နောက်မန္တလေးမှာလည်း သဘင်ရွာစီမံကိန်းက ၁၀ ဧက ကို ခွင့်ပြုထားတာ ရှိပါတယ်။ အဲ့ဒီမှာ သဘင်နဲ့ပတ်သက်သမျှ အရာတွေကို သဘင်ပညာရှင်ကြီးတွေရော နေနိုင်မယ့် သဘင်ရွာကြီးကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က ငွေကြေးအဆင်းရဲ ဆုံး ဖြစ်ပါတယ်။ ပွဲလမ်းသဘင် နားသွားတဲ့အချိန်မှာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ စိတ်ရှိပါတယ်။ မဖြစ်ဖြစ်အောင်ရှိတဲ့ ခွန် အားနဲ့ ကြိုးစားမှာပါ''ဟု ၎င်းက ပြောကြားခဲ့သည်။
    သဘင်အစည်းအရုံးကြီး တည်ဆောက်နိုင်ရန်အတွက် သဘင်ပညာရှင်များအနေဖြင့် အပတ်စဉ် အလှူခံခြင်းများ ပြုလုပ်ခြင်းဖြင့် သော်လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်း ဆောင်ရွက်ခြင်းဖြင့် ရရှိသည့် ငွေကြေးပမာဏများဖြင့် သဘင်လောကသားများတည်ဆောက်သည့် သဘင် အစည်းအရုံးဖြစ်စေချင်ကြောင်း ဦးဖိုးချစ်က  ပြောကြားခဲ့သည်။
    ဇာတ်မင်းသမီး မြတ်နုသွေး (မြန်မာအကစင်ဆရာမ)ကလည်း ''ဂီတအစည်းအရုံးနဲ့ ရုပ်ရှင်အ စည်းအရုံး သွားလိုက်ရင် ရုံးခန်းကသီးသန့်၊ အစည်းအဝေးခန်းက သီးသန့်အရမ်းခမ်းနားတယ်။ ကားပါကင်ကအစ သီးသန့်ဖျော်ဖြေရေး အခန်းတွေက သီးသန့်ရှိတယ်။ ကျွန်မတို့အသင်းရုံးက လသာလို နေရာမှာ ကားရပ်ဖို့တောင် အခက်အခဲဖြစ်တာ အခုအစည်းအရုံးအတွက် မြေနေရာရ တယ်ဆိုတော့ အိပ်မက်တောင် မက်နေတာလားဆိုတဲ့ ခံစားချက်ကို ရပါတယ်။ တကယ်ကို ဖော်ပြမတတ်အောင်ပျော်ပါတယ်''ဟု ပြောကြားခဲ့သည်။
    တတိယအကြိမ်မြောက် သဘင်ပညာရှင် သက်ကြီးပူဇော်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ကန်တော့ခံ သက်ကြီးသဘင်ပညာရှင် အဘိုးအဘွား ၁၁၁၆ ဦးအား ပူဇော်ကန်တော့နိုင်ခဲ့ ကြောင်း၊ ထိုနောက် သဘင်သက်ကြီး ပူဇော်ပွဲတွင် ကန်တော့ပစ္စည်း၊ ကန်တော့လှူဒါန်းငွေများဖြင့် ပူဇော်ကန်တော့ခဲ့သည့်အပြင် အသက်အရွယ်နှင့် အခြေအနေအရပ်ရပ်တို့ကြောင့် သဘင်အနုပညာနှင့် ဝေးကွာနေကြရသော သဘင်သက်ကြီး အဘိုးအဘွားများအား စိတ်ဓာတ်ခွန်အား ဖြည့်တင်းမှု အလှူအဖြစ် သဘင်မိသားစုများက ဆိုင်း၊ အက၊ အငြိမ့်၊ ဇာတ်တော်ကြီး၊ ဆက်ကပ်၊ မျက်လှည့်တို့ ဖြင့် မျိုးဆက်သစ်သဘင်လူငယ်များက ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်၊

 

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45039

© 2022 - 2025 News. All Rights Reserved.