ရွှေညောင်- တောင်ကြီး ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်

ရန်ကုန်၊ ဇန်နဝါရီ ၈
    ရွှေညောင်-တောင်ကြီး ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။
    ရွှေညောင်-တောင်ကြီး ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ပေါမူဘူတာနှင့် ထီသိမ်ဘူတာကြား လမ်းအူကြောင်း ပြောင်းလဲဆောင်ရွက်မည့် Great-wall Filling နေရာ CH No(22040) မီတာ နေရာတွင် 10' Flat Top တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ပေါမူဘူတာ - ထီသိမ်ဘူတာကြား လမ်းအူကြောင်းသစ် ပြောင်းလဲဆောင်ရွက်မည့် Greatwall ဖို့ မြေတာပေါင်အောက် CH No(22040) မီတာနေရာတွင် အသစ်တည်ဆောက်မည့် 10' Flat Top တံတားနှင့် ပေါမူဘက်ခြမ်းဖို့ မြေတာပေါင်တွင် TERRAMESH SYS-TEM ဖြင့် Soil Reinforcement ပြုလုပ်ခြင်း (75m)၊ ပေါမူဘူတာ-ထီသိမ်ဘူတာကြား လမ်းအူကြောင်းသစ် ပြောင်းလဲဆောင်ရွက်မည့် Greatwall ဖို့ မြေတာပေါင်အောက် CH No(22040) မီတာနေရာတွင် အသစ် တည်ဆောက်မည့် 10' Flat Top တံတားနှင့် ထီသိမ်ဘက်ခြမ်းဖို့ မြေတာပေါင်တွင် TER-RAMESH SYSTEM ဖြင့် Soil Reinforcement ပြုလုပ်ခြင်း (75m) လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
    လက်ရှိတွင် အဆိုပါလုပ်ငန်းများအတွက် ရန်ကုန်မြို့ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် တင်ဒါပုံစံများ ရောင်းချပေးလျက်ရှိပြီး ဇန်နဝါရီ ၁၇ ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း အသိပေးထားသည်။ နဒီ

Total Views ~ 129

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.