၂၀၂၃ အောက်တိုဘာ ၁၀ရက်
လှည်းကူးမြို့နယ်အတွင်းရှိ ကလီ ထော် တူးမြောင်းမကြီး ကျိုးပေါက်ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်တွင် ရွာ သွန်းခဲ့သည့် မိုးရေချိန်သည် ၃ ဒသမ ၃၉ လက်မအထိ ရွာသွန်းခဲ့သဖြင့် ကလီထော်ရေလှောင်တမံ ရေပိုလွှဲမှ လျှံရေများအပြင် တမံရေထုတ်ပြွန်မှ ထုတ်လွှတ်ရေနှင့် အနီးပတ်ဝန်းကျင်မှ စီးဝင်လာသည့်ရေများသည် တူးမြောင်းမကြီး၏ သတ်မှတ်ဒီဇိုင်း ရေထုစီးနှုန်းထက် များပြားစွာ စီးဝင်မှုကြောင့် ယင်းနေ့ နံနက် ၃ နာရီခန့်တွင် ကလီထော် တူးမြောင်းမကြီး၏ ပေတိုင် ၁၆+၅၀၀ မှ ပေတိုင် ၁၆+၅၃၅ အတွင်း အလျား ၃၅ပေ၊ အနက် ၁၀ ပေခန့် ကျိုးပေါက်သွားခြင်းဖြစ် ကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။
ကျိုးပေါက်သည့်နေရာကို ဌာနက Backhoe သုံးစီး၊ Dumper သုံးစီးနှင့်တုတ် တန်းရိုက်ခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများဆောင် ရွက်နေကြောင်း သိရသည်။