Breaking

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏  အထွေထွေညီလာခံသို့ မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်

၂၀၂၃ စက်တင်ဘာ ၂၆
    အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်း အင်အေဂျင်စီ (IAEA)၏ (၆၇)ကြိမ်မြောက် အထွေထွေညီလာ ခံ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က သြစတြီးယားနိုင်ငံ ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိသည်။
    မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံနျူကလီးယားစွမ်းအင် ကော်ပို‌ရေးရှင်း (ROSATOM) က “From Nuclear Marine Propulsion to Innovative SMRS and Development Models” ခေါင်းစဉ်ဖြင့် ကျင်းပ သည့် Sideline Event  သို့ တက်ရောက်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်း အင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာသိင်္ဂီမောင်မောင်က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတွင်း နျူကလီး ယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်မှုများ၊ စွမ်းအင်လိုအပ်ချက်များနှင့် Small Modular Reactors (SMR)  နည်းပညာ၏ အားသာချက်များကို ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။
    အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားတွင် သဘာပတိ ရွေးချယ်တင်မြှောက်ခြင်း၊ သဘာပတိက အဖွင့်မိန့်ခွန်းပြောကြား ခြင်း၊ ဒုတိယသဘာပတိများ ရွေးချယ်တင် မြှောက်ခြင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ သဝဏ်လွှာအား ဗီယင်နာ အခြေစိုက် ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူး ချုပ် Ms. Ghada Fathi Ismail Waly  က ဖတ်ကြားခြင်း၊ IAEA ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi က မိန့်ခွန်းပြော ကြားခြင်း၊ IAEAညွှန်ကြားရေးမှူးချုပ်အား ဒုတိယအကြိမ်သက်တမ်း ၂၀၂၃-၂၀၂၇ အ တွက် ထပ်မံတာဝန်ပေးသည့် အဆိုမူကြမ်းအား အတည်ပြုခြင်း၊ ညွှန်ကြားရေးမှူးချုပ်က ကျမ်းသစ္စာ ကျိန်ဆိုခြင်းနှင့် ဂျီ-၇၇ နှင့် တရုတ်အုပ်စု၊ အာဆီယံအပါအဝင် ဒေသအုပ် စုများက ညွှန်ကြား ရေးမှူးချုပ်အား ဂုဏ်ပြု စကားများပြောကြားခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Total Views ~ 240

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44989

© 2022 - 2025 News. All Rights Reserved.