Breaking

အာဆီယံချန်ပီယံရှစ်နှင့် အာရှခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်း ရုန်းကန်ရဖွယ်ရှိနေ

ရန်ကုန်၊ ဇွန် ၄
    ၂၀၂၅ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း မြန်မာ့လက်ရွေးစင် ယူ  -၂၃ အသင်းသည် အာဆီယံ ယူ-၂၃ ချန်ပီ ယံရှစ်ပြိုင်ပွဲနှင့် အာရှယူ -၂၃ ခြေစစ်ပွဲများ ယှဉ်ပြိုင်သွားရမည်ဖြစ်ကာ အုပ်စုတွင်း ပြိုင်ဘက်အသင်းများ ထွက်ပေါ်လာခဲ့ပြီးဒေသတွင်း အင်အားကြီး အသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် ရုန်းကန်ရဖွယ် ရှိနေသည်။
    ၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ-၂၃ အသင်းသည် အုပ်စု(ဂ)တွင် ထိုင်း၊ အရှေ့တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ အာဆီယံ ယူ-၂၃ ချန်ပီယံ ရှစ်ပြိုင်ပွဲကို အုပ်စုသုံးစုနှင့် ကျင်းပမှာဖြစ်ပြီး အုပ်စုတစ်စုစီမှ အုပ်စုပထမရရှိသည့် သုံးသင်း၊ အကောင်းဆုံး အုပ်စုဒုတိယတစ်သင်း၊ စုစုပေါင်းလေးသင်း ဆီမီးဖိုင်နယ် တက်ရောက်မည်ဖြစ်သည်။ အုပ်စုခွဲဝေမှုအရ အုပ်စု(က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ လာအို၊ အုပ်စု(ဂ)တွင် ထိုင်း၊ မြန်မာ၊ အရှေ့တီမောတို့ ပါဝင်နေသည်။ ပြိုင်ပွဲကိုတော့ လာမည့် ဇူလိုင် ၁၅ ရက်မှ ၂၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမည်ဖြစ်သည်။
    ဆက်လက်၍ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည် အုပ်စု(ခ)တွင် အာရှထိပ်သီး ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်အသင်းတို့နှင့်တစ် အုပ်စုတည်း ကျရောက်နေသည်။ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(ခ)ပွဲစဉ်များ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မှာဖြစ်ပြီး ခြေစစ်ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၁ ရက်မှာ စတင် ကျင်းပမည်ဖြစ်သည်။
    ခြေစစ်ပွဲတွင် အုပ်စု ၁၁ စု ပါဝင်ပြီး အုပ်စုတစ်စုစီမှ အုပ်စုပထမ ရရှိသည့် ၁၁သင်း၊ အကောင်းဆုံး အုပ်စုဒုတိယ လေးသင်း၊ စုစုပေါင်း ၁၅ သင်းသည် ၂၀၂၆  အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲ အိမ်ရှင် ဆော်ဒီအာရေဗျအသင်းနှင့်အတူ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ ထူးမြတ်

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44938

© 2022 - 2025 News. All Rights Reserved.