အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲဝင်မြန်မာအသင်း အုပ်စုတက်ရေး အလားအလာကောင်း

ရန်ကုန်၊ သြဂုတ် ၆
    ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း အဓိကပြိုင်ဘက်အဖြစ် သြစတြေးလျအသင်းကိုသာ အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုတက်ရေးအလားအလာ ကောင်းမွန်လျက် ရှိသည်။
    ၂၀၂၅ အာဆီယံအမျိုးသမီး  ချန်ပီယံရှစ်ကို သြဂုတ်  ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်၊ သြစတြးလျ၊ တီမောအသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
    အဆိုပါ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် သြဂုတ် ၄ ရက်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ကစားသမား ၂၃ ဦးပါဝင်ပြီး မန်နေဂျာအဖြစ် ဦးကြည်လွင်၊ နည်းပြချုပ်အဖြစ် တက်ဆုရိုယုကီတို့က ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
    တရုတ်နိုင်ငံခရီးစဉ်တွင် ကစားသမား ၂၄ ဦး ပါဝင်မည်ဖြစ်ပြီး မလေးရှား ကလပ်ဆာဘားတွင် ကစားနေသည့် ဝင်းသိင်္ဂီထွန်းမှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပြီး လာရောက်ပူးပေါင်းခဲ့သည်။
    မြန်မာအသင်းသည် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အုပ်စုပွဲစဉ်များအဖြစ် သြဂုတ် ၇ ရက်တွင် သြစတြေးလျ ယူ ၂၃၊ သြဂုတ် ၁၀ရက်တွင် တီမော၊ သြဂုတ် ၁၃ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (ထူးမြတ်)

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48913

© 2022 - 2025 News. All Rights Reserved.