Breaking

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အခွန်သက်သာခွင့် လက်မှတ်အစောင်ရေ ၈၈၀၀ ကျော် ခွင့်ပြုထား

၂၀၂၃ စက်တင်ဘာ ၂၈

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ထုတ်ပေးမှု လက်မှတ်အစောင်ရေ ၈၈၀၀ ကျော် အမေရိကန်ဒေါ်လာ ၃၇၂ သန်းကျော်ကို ကုန်သွယ်ခွင့်ပြုထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန်သွင်းကုန်ရုံ(ရန်ကုန်)၊ မြဝတီကုန်သွယ်ရေးစခန်း၊ တာချီလိတ်၊ကော့သောင်း၊ မြိတ်နှင့် မောတောင်စသည့်ကုန်သွယ်ရေစခန်းများအလိုက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘာတူစာချုပ်အရ ဖိလစ်ပိုင်နှင့် ဗီယက်နမ်မှအပ ကျန်အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်အခွန် သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်‌ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်မှ စတင်၍ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership -RCEP) သဘောတူစာချုပ်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် ဆွေးနွေးဖက် (၆)နိုင်ငံဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်စသည့် (၁၆) နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံမှအပ ကျန် (၁၅) နိုင်ငံနှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၁၅) ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစ‌တြေးလျ၊တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ စတင်ကာအသက်ဝင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

Total Views ~ 226

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44972

© 2022 - 2025 News. All Rights Reserved.