၂၀၂၃ ၊ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များအား အခြားသော ယာဉ်များနှင့်ကွဲပြားသော ထင်သာမြင်သာရှိစေရန်အတွက် City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ် ထည်တွင် အဝါရောင်လိုင်း အနံငါးလက်မခန့်ရှိ အလျားလိုက်လိုင်း Sticker ဖြင့် ယာဉ်၏ရှေ့မီးခွက် အောက်မှ နောက်မီးခွက်အထိ (ဘေး မှန်ခွင်အောက်မှ)ကပ်ခြင်းကို နိုဝင်ဘာလ ၁ ရက်မှစတင်၍ ဆောင်ရွက်မည်ဟု ရန် ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC
မှသိရသည်။
အဆိုပါ အဝါရောင် လိုင်းများ အတွက်သတ်မှတ် Design အတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး ကျပ် ၅၀၀၀ (၁-၁၁-၂၀၂၃ မှ ၃၁-၁-၂၀၂၄)ရက်အထိ YRTC မှ ကျခံပေးပါမည်ဖြစ်ကာ လက်ခမယူဘဲ ဝန်ထမ်းများဖြင့် ကပ်ပေးခြင်းဆောင်ရွက်မည်ဖြစ်ပြီး City Taxi ယာဉ်ပိုင်ရှင်များကိုယ်တိုင် သတ်မှတ် Design အတိုင်း မိမိအစီအစဉ်ဖြင့် Sticker ကပ်ခွင့် (သို့မဟုတ်)ဆေးသုတ်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့တွင်းပြေးဆွဲ လျက်ရှိသည့် City Taxi များ၏ Taxi Board များအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ စက်တင်ဘာ ၁၄ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
City Taxi များ၏ Taxi Board များသည် အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ ထားရှိသည့် နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာ တပ်ဆင်ပြေးဆွဲ သွားလာနေသ ဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေ ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖြစ်စေရေးအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု နည်းဥပဒေ အပိုဒ် ၂၇၃(က)အရ ]]အမိုးတွင် ဆေးနီဖြင့် ရေးသားထားသော “TAXI”စာသားကို မြင်နိုင်စေသည့် အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ထားရမည်"ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီတပ်ဆင် ပြေးဆွဲရမည်ဟု YRTC မှထုတ်ပြန်ထားခြင်း ဖြစ်သည်။
ွှထေင သြမေိ ၏ အရွယ်အစားများ မှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျားကိုးလက်မ၊ အောက်ခြေအကျယ်ငါး လက်မ၊ အပေါ်အကျယ်နှစ်လက်မနှင့်အမြင့် သုံးလက်မဖြစ်ပြီး အဆိုပါ ွှထေင သြမေိ ကို ခေါင်မိုးပေါ်မှန်ထိပ်မှ တစ်ပေအကွာ ဘယ်/ညာ ညီညာစွာ တပ်ဆင်ထားရှိရမည်ဖြစ်ကြောင်း သိရသည်။