၂၀၂၃ အောက်တိုဘာ ၃
MFF Rhino Futsal Champio-nship ၂၀၂၃ ပြိုင်ပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၃ရက်အထိ MFF Futsal Stadium
တွင် အသင်းပေါင်း ၂၉ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ မှ သိရသည်။
MFF Rhino Futsal Champion-ship 2023 ၂၀၂၃ ပြိုင်ပွဲတွင် League 1 ပြိုင်ပွဲဝင် အသင်းရှစ်သင်း၊ League 2 ပြိုင်ပွဲဝင်အသင်း ခြောက်သင်း၊ Carabao Amateur Cupမှ အသင်း ခုနစ်သင်း၊ မန္တလာ ဖူဆယ်လိဂ်မှ အသင်း ခြောက်သင်း၊ ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းတစ်သင်းနှင့် ကချင်ပြည်နယ် ကိုယ်စားပြု အသင်းတစ်သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲကို လေးသင်းငါးအုပ်စု၊ သုံးသင်း သုံးအုပ်စုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ရှုံးထွက်အဆင့်၊ ဆီမီးဖိုင်နယ်အဆင့်၊ ဖိုင်နယ်အဆင့် အစရှိသဖြင့် အဆင့်အဆင့် ကျင်းပသွားမည်ဖြစ် သည်။
ယခုနှစ်တွင် MFF Women's Futsal Championship 2023 ၂၀၂၃ ပြိုင်ပွဲကိုလည်း လာမည့် နိုဝင်ဘာ ၃ ရက်မှ ၁၂ ရက် အထိ MFF Futsal Stadium တွင် ကျင်းပသွားမည်ဖြစ်ရာ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် အောက်တိုဘာ ၃ ရက်မှ ၁၀ ရက် အထိ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဌာနတွင် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရ သည်။
MFF Women's Futsal Champi-onship 2023 ၂၀၂၃ ပြိုင်ပွဲကို အသင်းပေါင်း ၁၀ သင်းဖြင့်သာ ကျင်းပသွားမည် ဖြစ်သောကြောင့် အချိန်မီ လာရောက်စာရင်းပေးသွင်းရန်နှင့် အသင်းစာရင်းသွင်းခြင်း လုပ်ငန်းစဉ်များ ပြီးစီးပါက အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ စာရင်းပေးသွင်းခြင်းကို အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အတွင်းလုပ်ဆောင်ရမည်ဖြစ်ပြီး MFF Wom-en's Futsal Championship ၂၀၂၃ ပြိုင်ပွဲ တွင် အုပ်ချုပ်နည်းပြအဖွဲ့ဝင်များကို အနည်းဆုံးသုံးဦးမှ အများဆုံး ငါးဦးအထိလည်း ကောင်း၊ ကစားသမားများကို အနည်းဆုံး ၁၄ ဦးမှ အများဆုံး ၁၆ ဦးအထိလည်းကောင်း ခွင့်ပြုပေးသွားမည်ဖြစ်သည်။