MNDAA ၊ AA ၊ TNLA လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်ရက်စက်ယုတ်မာသည့် လုပ်ရပ်များအပေါ်  ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၆
    အကြမ်းဖက်သောင်းကျန်းသူများ ဖြစ်သည့် MNDAA၊ AA၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့ အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက် စက်ယုတ်မာသည့် လုပ်ရပ်များကို နိုင်ငံရေး ပါတီများအနေဖြင့် သန်းပေါင်းများစွာသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကို ကိုယ်စားပြု၍ လုံးဝ(လုံးဝ)လက်မခံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာထားသည်။
    ထုတ်ပြန်ချက်တွင် အကြမ်းဖက် သောင်းကျန်းသူများဖြစ်သည့် MNDAA၊ AA၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများသည် ၂-၈-၂၀၂၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ်(၉) ဆေးရုံခုတင် ၁၀၀ အား လက်နက်ကြီး၊ ရှော့ခ်တိုက်ဒုံး၊ Drome၊ လက်နက်ငယ်မျိုးစုံတို့ဖြင့် ဆင်ခြင်မဲ့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်တိုက်ခိုက်ဖျက် ဆီးခဲ့ကြောင်း၊ အထက်ဖော်ပြပါ အကြမ်း ဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သော ဆရာဝန်၊ သူနာပြုအပါအဝင် ဝန်ထမ်းများ၊ အရပ်သူ၊ အရပ်သား လူနာများ၊ ကလေးသူငယ်များ၊ ရင်ခွင်ပိုက်ကလေး များအပါအဝင် အပြစ်မဲ့ပြည်သူများစွာအား ရက်စက်စွာ အနီးကပ်ပစ်ခတ်သတ် ဖြတ်ခြင်း၊ ကိုယ်ဝန် ဆောင်မိခင်အပါအဝင် လူနာအချို့အား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထား သည်။
    ထို့အပြင် ဤဖြစ်ရပ်သည် လူသားမဆန်သည့် ဆိုးရွားသော အကြမ်းဖက် မှုဖြစ်ပြီး အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေကို လည်းကောင်း၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများကို လည်းကောင်း၊ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကိုလည်းကောင်း ရည်ရွယ် ချက်ရှိရှိ ချိုးဖောက်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
    ထို့အပြင် အကြမ်းဖက်သောင်း ကျန်းသူများနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများအား အကြမ်းဖက်သောင်းကျန်း သူများအဖြစ် သတ်မှတ်၍ ပြည်တွင်းဥပဒေများအရ အရေးယူဆောင်ရွက်ပေးပါရန်နှင့် ပြည်တွင်း၌သာမက နိုင်ငံတကာမှလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်၍ အရေးယူပိတ်ဆို့ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားသင့်ပါကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထူးမြတ်

 

Total Views ~ 149

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43436

© 2022 - 2025 News. All Rights Reserved.