ရန်ကုန်၊ သြဂုတ် ၆
ကမ္ဘာ့နံပါတ်(၁) အလှကုန်အမှတ် တံဆိပ်ဖြစ်သော Maybelline New York သည် နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုဖြင့် ဖန်တီးထုတ်လုပ်ထားသည့် Super Stay Lumi Matte Foundation ကို Junction City တွင် သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့သည်။
"ကျွန်မတို့ Maybelline က အလှအပဆိုင်ရာ Trends တွေအလိုက် အရည်အသွေးကောင်းမွန်ပြီး အလှကုန်ပစ္စည်းတွေကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တီထွင်ဆန်းသစ်ထားတာတွေ ယူဆောင်လာ ပေးတာဖြစ်ပါတယ်။ အခုဆိုရင် Maybelline က မြန်မာနိုင်ငံမှာ ၂၅ နှစ်နီးပါး ရပ်တည်နေပြီး Maybelline မိတ်ကပ်ချစ်သူအားလုံးကို မိတ်ကပ်ကတစ်ဆင့် Confidence နဲ့ Self-Expression တွေ ဖော်ထုတ်ပြသဖို့ အမြဲ တိုက်တွန်းလျက် ရှိပါတယ်။ ဒီနေ့ မိတ်ဆက်ပေးလိုက်တဲ့ Super Stay Lumi-Matte Fou-ndati ဟာ ဆိုရင်လည်း ရာသီဥတုတိုင်းနဲ့ ကိုက်ညီမှုရှိပြီး အသားအရေကို ထိန်းသိမ်းပေးတဲ့ ဖော်မြူလာတွေ ပါဝင်လို့ Glow Matte look လေးကို ရရှိစေပါတယ်"ဟု Maybelline ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိတ်ဆက်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ၏ ထိပ်တန်းမင်းသား အောင်ရဲလင်းနှင့် နာမည်ကျော် မင်းသမီး ယွန်းဝတီလွင်မိုးတို့ တက်ရောက်ခဲ့ကြပြီး Maybelline နှင့်အတူ အရောင်အသွေးစုံလင်၍ ပျော်ရွှင် တက်ကြွဖွယ်ရာ အစီအစဉ်များ ပါဝင်ခဲ့ကြသည်။ ထို့အပြင် မိတ်ကပ်ပညာရှင် Kwan Kwan နှင့် Stylist Yoko San တို့ကလည်း ကံထူးရှင်နှစ်ဦးကို Super Stay Lumi-Matte Foundation အသုံးပြုပြီး ခေါင်းအစခြေ အဆုံး Makeover ပြုလုပ်ပေးခဲ့ကာ အကအလှများနှင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ (သက်မှူး)