၂၀၂၃ စက်တင်ဘာ ၂၆
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ် လည်နေ့အခမ်းအနားကို လာမည့်အောက်တိုဘာ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရပြည့်ဝစွာဖြင့် စည် ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
NCA (၈)နှစ်မြောက်နှစ်ပတ်လည် နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက် တင်ဘာ ၂၅ ရက်က နေပြည်တော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ NCA နှစ် ပတ်လည် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ သည်။
အစည်းအဝေးတွင် ဦးစီးကော်မ တီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ မူဝါဒဆိုင်ရာများနှင့် အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား စီစဉ်ကျင်းပသွားမည့် ကိစ္စများကိုရှင်းလင်းပြော ကြားခဲ့ပြီး NCA နှစ်ပတ်လည်နေ့အခမ်းအ နားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အခမ်းအ နားကျင်းပမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူးပေါင်းညှိနှိုင်း ရေးလုပ် ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက အခမ်းအနားတက် ရောက်သူများ ဖိတ်ကြားရေး၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ လည်း ကောင်း၊ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အခမ်း အနားကျင်းပရာတွင် အစီအစဉ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ် သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန် ကြီးများက လုပ်ငန်းကော် မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက လိုအပ် သည်များ အကြံပြုဆွေးနွေး ခဲ့ကြပြီးနောက် ဦးစီးကော်မတီဥက္ကဋ္ဌဒုတိ ယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့သည်။