NCA နှစ်ပတ်လည်နေ့တွင် NCA မှသည် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးမည်၊ တိုင်းရင်းသားခေါင်းဆောင်များအားလုံး တက်ရောက်ကြစေချင်ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌပြော 

၂၀၂၃ အောက်တိုဘာ ၉
    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အား အနှစ်သာရရှိရှိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ နှစ်ပတ်လည် နေ့တွင် NCA မှသည် စဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
    ''အလုပ်ရုံဆွေးနွေးပွဲ ရှိတယ်။ အဲ့ဒီနေ့မှာ Workshop ရှိသေးတယ်။ အဲဒါပြီးရင် လူကြီးတွေ ဆက်တက်ရဦးမှာ။ အဲဒီ Workshop ဘာလဲဆိုတော့ NCA နှစ်ပတ်လည်နေ့က စပြီးတော့ ဘာ တွေဆောင်ရွက်ရမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးကြဦးမှာ။ အဲဒါက အကုန်လုံးဆွေး နွေးကြမှာ။ အလုပ်ရုံဆွေးနွေးပွဲက NCA မှသည် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များဆိုတဲ့ ခေါင်းစဉ်နဲ့ Workshop လုပ်မှာ။ အဲဒီကျရင်တော့ ဒါတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြမှာ။ အဲဒီလို ဆွေးနွေးတာ ကောင်းတယ်။ နောင်ဘာဆက်လုပ်ရမလဲဆိုတာ ပေါ်လာ မှာပေါ့"ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
    လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်မည့် NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင် များအားလုံး တက်ရောက်ကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည်။ ထို့အပြင် နိုင်ငံရေး ပါတီခေါင်းဆောင်များကိုလည်း ယင်းအခမ်း အနားကို တက်ရောက်ရန် ဖိတ်ကြားထား ကြောင်း ပါတီတာဝန်ရှိသူတချို့က ပြော ကြားသည်။ 
    တိုင်းရင်းသား ခေါင်းဆောင်များကို ဖိတ်ကြားရတွင် NCA လက်မှတ်ရေးထိုး သည်ဖြစ်စေ၊ လက်မှတ်မရေးထိုးရသည်ဖြစ်စေ အားလုံးတက်ရောက်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး NCA လက်မှတ်ရေး ထိုးထားပြီး လက်ရှိတွင်လည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိ နှိုင်းရေးကော်မတီ(NSPNC)နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက တက် ရောက်မည်ဖြစ်သည်။
    "ကျွန်တော်လည်း NCA အခမ်းအနားတက်ပါမယ်။ အဲဒီနေ့မှာ အခမ်းအနား တက်တာတင်မက ဘူး။ အဲဒီအခမ်းအနားပြီးတော့ Workshop (အလုပ်ရုံဆွေးနွေးပွဲ)တက်ဦးမှာ။ Workshop လည်း လုပ်ဦးမှာ"ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
    NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ NSPNC နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် NCA လက်မှတ်ရေးထိုးထားသော RCSS ၊ DKBA ၊ KNU/KNLA-PC ၊ ALP ၊  PNLO ၊ NMSP ၊ LDU စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA မထိုးရသေးသော်လည်း NSPNC နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာ မိတ်တပ်မတော်-မိုင်းလား(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့က ငြိမ်းချမ်းရေး ဆွေးနွေးနေ သည်။ NCA ပွဲအခမ်းအနားကိုလည်း တက်ရောက်နိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။
    အဆိုပါ နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပမည့် NCA(၈)နှစ်မြောက်နှစ်ပတ် လည်နေ့တွင် NCA မှသည် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ကျင်းပမည်ဟုသိရပြီး တိုင်းရင်းသားခေါင်းဆောင်များ အားလုံးတက်ရောက်စေချင်ကြောင်း ဖက် ဒရယ်ဒီမိုကရက်တစ်ပါတီဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
    "ဒီပွဲကတော့ အားလုံးညှိနှိုင်းဆွေး နွေးသွားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပွဲပေါ့။ အခုက တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကို ဖိတ်ထားတယ်။ NCA ထိုးထိုး၊ မထိုးထိုး ဖိတ်ထားတယ်။ အဲဒါကောင်း တာပေါ့ဗျာ။ သူတို့လာမလာတော့ မသိရသေးဘူးပေါ့။ ဒါပေမဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေ အကုန်လုံးလာရင် ကောင်းတာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်း စကားပြောလိုက်ရင် လွယ်လွယ်ကူ ကူ ပြီးသွားမှာပေါ့။ အကုန်လုံးလည်း လာတက်စေချင်တယ်။ လာတက်မှလည်း ကိုယ့်ဘက်က ဘာလိုလဲဆိုတာကို သူတို့လည်း ပြောပိုင်ခွင့်ရှိမှာပေါ့။ သူ့ဒေသ ဘာလိုလဲ၊ ဘယ်လို ငြိမ်းချမ်းစေ ချင်လဲဆိုတာကို သူ့တို့ဘက်ကလည်း ဆွေးနွေးနိုင်မှာပေါ့။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စဉ်ဆက် မပြတ်ဆိုတဲ့စကားလုံးနဲ့ ဖိတ်ခေါ်ထားပြီးပြီပဲလေ။ ငြိမ်းချမ်းစေချင်တယ်ဆိုတော့ ရလဒ် အနေနဲ့ကတော့ အားလုံးကို အကောင်းဆုံးကို မျှော်လင့်ပါတယ်"ဟု ဦးရန်နိုင်ဝင်းက ဆက်ပြောသည်။

 

Total Views ~ 151

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43506

© 2022 - 2025 News. All Rights Reserved.