၂၀၂၃ အောက်တိုဘာ ၄
မြန်မာနိုင်ငံတွင်ပထမဆုံးကျင်းပပြုလုပ်သည့် SO-ကိုယ်ပိုင်သံစဉ်တေးရေး၊တေးဆိုတေးသီချင်းပြိုင်ပွဲကြီး၏Grand Finalပွဲသို့တက်လှမ်းခဲ့ကြသည့်Top Finalistများအားစာနယ်ဇင်းများနှင့်မိတ်ဆက်ပွဲကိုရန်ကုန်မြို့တာမွေမြို့နယ်ရှိHexagon Complex၌ယနေ့ပြုလုပ်ခဲ့ရာ တေးဆို Top Finalist ၆ဦးတွင်Anoni Mus ပါဝင်ကြောင်းသိရသည်။
အဆိုပါပွဲတွင်တေးရေးပြိုင်ပွဲအတွက်ရွေးချယ်ထားသည့်(၆)ဦးနှင့်တေးဆိုပြိုင်ပွဲအတွက်(၆)ဦးကိုမိတ်ဆက်ပေးခဲ့ကာ အဆိုပါ Top Finalistများမှာတေးရေးပြိုင်ပွဲ အတွက်ထည်ဝါ၊အားဖုန်၊ပင်လယ်အေး၊သော်ဇင်လတ်၊မှုန်ကြီးနှင့်ဉာဏ်လင်းထွဋ်တို့ကရွေးချယ်ခံရပြီးတေးဆိုပြိုင်ပွဲတွင်တေးဆိုပြိုင်ပွဲအတွက်မောင်သု၊ဘွဲ၊Anoni Mus၊ဉာဏ်လင်းထက်၊Moanaနှင့်ပုလဲဖြူစင်ဖွေးတို့ကရွေးချယ်ခြင်းခံထားရကြောင်းသိရသည်။ "ဆုအနေနဲ့ကတော့ ကျွန်တော်တို့ ၄၅သိန်းစီဆုချီးမြင့်မှာဖြစ်ပြီးတော့၊ ကျန်တဲ့ အစီအစဉ်တွေ လည်း ပါဝင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖိုင်နယ်ပြိုင်ပွဲမှာ ကြည့်ရှုအားပေးကြပါအုံး။" ဟု ပြိုင်ပွဲစီစဉ်သူ တစ်ဦးမှလည်း ပြောကြားခဲ့သည်။
SOကိုယ်ပိုင်သံစဉ်တေးရေး၊တေးဆိုတေးသီချင်းပြိုင်ပွဲကြီး၏Grand Finalပွဲကြီးးကိုအောက်တိုဘာလ(၇)ရက်နေ့ညနေ(၆)နာရီမှစတင်၍ရန်ကုန်မြို့တာမွေမြို့နယ်ရွှေထွဋ်တင်ကွင်းရှိHazagon Studio၌ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ယင်းအပြင်အဆိုပါပြိုင်ပွဲအစီအစဉ်အစဉ်များအားChannel-9နှင့်Sky Net Music Channelတို့မှတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းလည်းသိရသည်။