၂၀၂၃ ဇန်နဝါရီ - ၂၈
အကြမ်းဖက်အဖွဲအစည်းများဖြစ်သည့် NUG နှင့် CRPH ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင် ကျောင်းများ၊ ပြည်သူများ၏ နေအိမ်များအား မီးရှိဖျက်ဆီးခြင်း၊ လမ်း၊ တံတားများ အား မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက ဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
ထိုသိုဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ သလဲဘာကျေးရွာအနီး နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များအား ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တိုမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များ က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များအား ဝင်ရောက်မီးရှိဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ၏ မီးရှိမှုကြောင့် နေအိမ် ၈၀ လုံး မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့ရပြီး ဆင်ခြေတုံတရားမဲ့စွာ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် သက်တော် ၈၃ နှစ်၊ ဝါတော် ၁၀ ဝါရှိ ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှိဖျက်ဆီးခြင်းခံခဲ့ရသည့် မီးဘေးသင့်ပြည်သူများသည် နီးစပ်ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ဆွေမျိုးများ၏ နေအိမ်များ၌ နေထိုင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။