၂၀၂၃ ၊ မတ်လ ၇
ယမန်နေ့ (မတ်လ ၆)နံနက် ၆နာရီအချိန်က ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ ပုဇွန်မြောင်းကျေးရွာသို အကြမ်းဖက်အုပ်စု PDF/ KNU သကသ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၃၀ ဦးခန့်တိုသည် စစ်တောင်းမြစ်အားကူး၍ နမစ(ပိန်းဇလုပ်)၏ တောင်ဘက် ၉ မိုင် ၄ ဖာလုံခန့်အကွာ ပျဉ်ရေကြီးကျေးရွာဘက်မှ ပုဇွန်မြောင်း ကျေးရွာသို ဝင်ရောက်လာပြီး ရာအိမ်မှူး ဦးမြင့်ဦး ၏ နေအိမ်အား မီးရှိဖျက်ဆီးခဲ့ပြီး ပျဉ်ရေကြီး ကျေးရွာဘက်သို ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ သတင်းရရှိသဖြင့် ပူးပေါင်းအဖွဲမှ အခင်းဖြစ်နေရာသို သွားရောက်စစ်ဆေးခဲ့ရာ ဦးမြင့်ဦး ၏ နေအိမ် ၃ ပင် ပတ်လည်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ခြေတံရှည် ၁ ထပ်နေအိမ် ၁ လုံး(တန်ဖိုးငွေ ၇၀ သိန်းခန့်) မီးလောင်ပျက်စီးဆုံးရှုးခဲ့သည်ကိုတွေ့ရှိရပြီး အိမ်ပိုင်ရှင် ဦးမြင့်ဦး နှင့် မိသားစု ၄ ဦးတိုသည် အဆိုပါ နေအိမ်တွင်နေထိုင်ခြင်းမရှိဘဲ လွန်ခဲ့သော ၄ လခန့်မှစ၍ ညောင်လေးပင်မြို (၄)ရပ်ကွက်တွင် အိမ်ငှားနေထိုင်ခဲ့ကြကြောင်း သိရသည်။
ထိုအပြင် ပုဇွန်မြောင်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဦးပေါ်ဦး(၄၅)နှစ် ပုစွန်မြောင်းကျေးရွာနေသူအား အိမ်စောင့်အဖြစ်ထားရှိခဲ့ကြောင်းသိရှိရသဖြင့် အခင်းဖြစ်နေရာအားအသေးစိတ်စစ်ဆေးရာ မီးလောင်ကျွမ်းနေသည့်သွပ်ပြားများအောက်တွင် ဦးပေါ်ဦး အား မီးလောင်ကျွမ်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့၍ ပူးပေါင်းအဖွဲမှ အကြမ်းဖက် ချေမှုန်းရေးဆောင်ရွက်ခဲ့ပြီးနောက် အလောင်းအား ညောင်လေးပင်မြိုနယ်ပြည်သူ့ ဆေးရုံသိုပိုဆောင်ခဲ့ကာ ဖြစ်စဉ်နှင့် ပတ်သက်၍ မမစ(ညောင်လေးပင်)(ပ)၃၅/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့်အမှုဖွင့်ပြီး တရားခံများဖမ်းဆီးရမိရေးစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။