၂၀၂၃ ၊ ဖေဖော်ဝါရီ ၇
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်က လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာ၏ အရှေ့ဘက် ဒီးမော့ဆို၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ခတွင် ဖားဆောင်းမြို့နယ်မှ မော်ချီးကျေးရွာသို အောင်စိုးမိုး (၂၁)နှစ် (လွိင်ကော်မြိုနယ်နေသူ)မောင်းနှင်ပြီး ထွန်းမင်းလတ် (၃၆)နှစ်(လွိင်ကော်မြိုနယ်နေ)သူ ယာဉ်နောက်အလိုက်အဖြစ် လိုက်ပါလာကာ ခရီးသည်များဖြစ်သည့် ဆိတ်ဖြူမြို့နယ် ထိန်ကန်ကျေးရွာနေသူများဖြစ်သော ဦးစိန်မင်း(၄၁) နှစ် ၊ ဦးညီအောင်(၃၆)နှစ်၊ ဦးတင်ကိုဝင်း (၂၁)နှစ်၊ ကိုမျိုးထက်ကျော် (၁၈)နှစ်တို ၄ ဦး(စုစုပေါင်း ၆ ဦး) လိုက်ပါလာသည့် 5P/5499 Ipsum ယာဉ်သည် အကြမ်းဖက်သကသ (စိစစ်ဆဲ)အဖွဲထောင် ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်ပါလာသည့် အောင်စိုးမိုး တွင် ဦးခေါင်း/နှဖူး မိုင်းစထိမှန် သေဆုံး၊ စိန်မင်း တွင် မျက်နှာ/ဦးခေါင်းမိုင်းစထိမှန်သေဆုံး၊ ထွန်းမင်းလတ် တွင် ခြေထောက် ၂ ဖက် ပြတ်ဒဏ်ရာ၊ ဦးခေါင်း/ဝမ်းဗိုက်မိုင်းစဖောက်ဝင်ဒဏ်ရာဖြင့် သေ ဆုံးကာ ညီအောင် တွင် ခြေ/လက် ပြတ်ဒဏ်ရာ၊ ဦးခေါင်းပြတ်ရှမိုင်းစထိမှန်သေဆုံးခဲ့ပြီး တင်ကိုဝင်း တွင် ဝဲနားထင်/ယာလက်ဖျံ မိုင်းစ ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)နှင့် မျိုးထက်ကျော်တွင် ယာနဖူးပေါက်ပြဲ၊ ဝဲခြေထောက်ကျိုးဒဏ်ရာ(စိုးရိမ်ရ) တို အသီးသီးရရှိခဲ့သဖြင့် လွိင်ကော်မြိုနယ်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံး/ဒဏ်ရာ ရသူများအားပိုဆောင်ထားရှိကြောင်းသတင်းရရှိသည်။