ဘင်္ဂလား IDP Camp များအတွင်း ARSA ၊ RSO ၊ ARA စသည့် အကြမ်းဖက်အုပ်စု ၃ ခု သည် အချင်းချင်းစားကျက်/နေရာလုယက်မှုတိုကြောင့် ဆက်လက်၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ပြီး camp နေ ဘင်္ဂါလီအများအပြား ထပ်မံထွက်ပြေးမှုများ ဖြစ်ပေါ် လာနိုင်သကြောင်း daewa nadi ကရေးသားဖော်ပြ

၂၀၂၃ ၊ဇန်နဝါရီ ၂၁ 

ဘင်္ဂလား IDP Camp များအတွင်း ARSA ၊ RSO ၊ ARA စသည့် အကြမ်းဖက်အုပ်စု ၃ ခု သည် အချင်းချင်းသင့်မြတ်မှုမရှိဘဲ စားကျက်/နေရာလုယက်မှုတိုကြောင့် ဆက်လက်၍ တိုက်ပွဲဖြစ်ပွားနိုင်ပြီး camp နေ ဘင်္ဂါလီအများအပြား ထပ်မံထွက်ပြေးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံအသီးသီးသို ဆင့်ကဲဖြစ်စဉ်များအရ ရိုက်ခတ်မှုများရှိလာနိုင်သည်ဟု သုံးသပ်၍ daewa nadi ရေးသားဖော်ပြထားထားကြောင်း သိရသည်။

ယမန်နေ့  ဇန်နဝါရီလ ၂၀ ရက်တွင် daewa nadi အမည် Telegram channel မှ ARSA အကြမ်းဖက်အဖွဲများနှင့်ပတ်သက်၍ ရေးသားဖော်ပြထားပြီး အဆိုပါသတင်းတွင် RSO နှင့် ARSA တိုတိုက်ပွဲအတွင်း RAB ၊ BDR ၊ APBN တပ်ဖွဲသည် RSO ဘက်က ဝင်ကူခဲ့ပြီး အာတာအူလာကို ဖမ်းဆီးရမိရေးကြိုးပမ်းခဲ့ကြကြောင်း၊ ထုတ်ပယ်ခံရသည့် အာဆာ ဒု‌ခေါင်းဆောင် အဘူအာနော့စ်က RSO နှင့်ပူးပေါင်းခဲ့ပြီး ARSA ထံ ပြန်လည် ဝင်ရောက်သွားသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု သုံးသပ်ထားကြောင်း သိရသည်။

 Zero point camp တွင် အာဆာအကြမ်းဖက်အုပ်စုမှ အခြေစိုက်ထားပြီး နှစ်နိုင်ငံကြားဇုံတွင် ကျရောက်နေသဖြင့် ၎င်းနေရာတွင် လက်နက်အလုပ်ရုံများ အခိုင်အမာဆောက်လုပ်ကာ လက်နက်တပ်ဆင်ရေး လုပ်ဆောင်နေကြောင်းနှင့် လက်နက်အလုပ်ရုံတွေ့ရှိသည့် ရုပ်သံကို ဘာသာပြန်ဖော်ပြထားပြီး ဇန်နဝါရီလ ၁၈ ရက်၌ တိုက်ပွဲအတွင်း ဘင်္ဂလားအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲက camp ကို မီးရှိပစ်ကာ ARSA ကို မြေလှန် ရှာဖွေရေးလုပ်ဆောင်ခဲ့ကြပြီး မြေလှန်ရှာဖွေရေးစစ်ဆင်ရေးကို root out operation ဟု အမည်တပ်ကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကြောင့် APBN တပ်ဖွဲသည် camp အတွင်း ဖိစီးလုပ်ဆောင်လာကြ သဖြင့် camp နေ ဘင်္ဂါလီများသည် တတိယနိုင်ငံသိုအခြေချရန် ရေကြောင်းဖြင့် ထွက်ပြေးမှုအများဆုံးဖြစ်ခဲ့ကြောင်း၊ ဒေသတွင်းသတင်းများအရ စက်လှေ ၁၀ စီးခန့် ဖြစ်ပြီး ၂ လအတွင်း လူ ၂,၀၀၀ ကျော် ထွက်ပြေးကြသည်ဟု သိရသည်။

အကြမ်းဖက် လက်နက်ကိုင်အုပ်စုအချင်းချင်း စားကျက်နေရာလုယက်ကြရာက camp အတွင်း မကြာခဏတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲနောက်ပိုင်း အာဆာဒုခေါင်းဆောင် အဘူအာနော့စ်ကို RSO နှင့် ARSA အကြမ်းဖက် ၂ ဖွဲစလုံးက လုပ်ကြံသတ်ဖြတ်ကြ မည်ဟု အခြေအနေရှိနေကြောင်း သိရသည်။

ယခုအခါ ဘင်္ဂလား IDP Camp များအတွင်း ARSA ၊ RSO ၊ ARA စသည့် အကြမ်းဖက်အုပ်စု ၃ ခု အင်အားပြသသည့် ရုပ်သံများတွေ့မြင်ရပြီး ယင်းတိုသည် အချင်းချင်းသင့်မြတ်မှုမရှိဘဲ စားကျက်/နေရာလုယက်မှုတိုကြောင့် ဆက်လက်တိုက်ပွဲဖြစ်ပွားလာရန် အကြောင်းအချက်များစွာရှိနေသည့်အတွက်  camp နေ ဘင်္ဂါလီ အများအပြား ထပ်မံထွက်ပြေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် အဆိုပါဂယက်ကြောင့် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံအသီးသီးသို ဆင့်ကဲဖြစ်စဉ်များအရ ရိုက်ခတ်မှုများရှိလာ နိုင်သည်ဟု သုံးသပ်၍ ရေးသားဖော်ပြထားကြောင်း သိရသည်။

Total Views ~ 150

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43379

© 2022 - 2025 News. All Rights Reserved.