မြောက်ဦးမြို့နယ် ရပ်ကွက်အချိုရှိ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ AA အဖွဲက  ငွေကြေးကောက်ခံခဲ့ပြီး ကျန်ရပ်ကွက်များကိုလည်းဆက်လက်ကောက်ခံသွားမည်ဟု သတင်းရရှိ

၂၀၂၃ ၊ မတ် ၇

ယမန်နေ့( မတ်လ ၆)နံနက် ၈ နာရီမှ မွန်းလွဲ ၂နာရီခွဲအထိ မြောက်ဦးမြို့ နယ်တွင် အခြေပြုလှုပ်ရှားလျက်ရှိသော ULA လက်နက်ကိုင်အဖွဲ၊ ဒုတာဝန်ခံ ဦးမောင်ရွှေထွန်း နှင့် အဖွဲ့ဝင် ၁၄ ဦးတိုသည် ULA/AA လက် နက်ကိုင်အဖွဲတွင် ငွေကြေးအရေးပေါ် လိုအပ်နေသည်ဟုပြောဆို၍ မြောက်ဦးမြိုနယ်၊ အောင်တင်ရပ် ကွက်၊ မြိုသစ်ရပ်ကွက်၊ ဗန္ဓုလရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင် များထံမှ စေတနာကြေးအရ ငွေကြေးကောက်ခံခဲ့ရာ စုစုပေါင်းငွေကျပ် ၁,၅၀၀,၀၀၀ ခန့်အား ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် ဦးမောင်ရွှေထွန်းနှင့်အဖွဲသည် မြောက်ဦးမြိုပေါ် ရပ်ကွက်များအတွင်း ကျန်ရှိသည့်ရပ်ကွက်များအား နောက်ရက်များတွင် ဆက်လက် ကောက်ခံသွားမည်ဟုလည်း သတင်းရရှိသည်။

Total Views ~ 185

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.