ရုရှား-မြန်မာ နျူကလီးယား သတင်းအချက်အလက်နည်းပညာစင်တာဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့(ဖေဖော်ဝါရီလ ၆)နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်း ပြုလုပ်သော ရုရှား-မြန်မာ နျူကလီးယား သတင်းအချက် အလက်နည်းပညာ စင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ကနဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ တိုက နျူကလီးယား သတင်းအချက်အလက်နည်း ပညာစင်တာ ဆိုင်း ဘုတ်အား စက်ခလုတ် နှိပ်ကာ ဖွင့်လှစ်ပေးခြင်း၊ သတင်းအချက်အလက်နည်းပညာစင်တာကဗ္ဗည်းမော်ကွန်းအား မွှေးနံ့သာများ ပက်ဖျန်းခြင်းတို ဆောင်ရွက် ခဲ့ပြီး စင်တာအတွင်းလှည့်လည် ကြည့်ရှုခြင်းများပြုလုပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “ အခု နျူကလီးယား သတင်းအချက်အလက် နည်းပညာ စင်တာကို ဖွင့်လှစ်ပြီးလို့ရှိရင် ပြည်သူလူထုက နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်ပြီး နည်းလည်သဘောပေါက်လာစေဖို့အတွက် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ကိုလည်း အစီအစဉ်အတိုင်း ဆက်လက်သွားမှာဖြစ်ပါတယ်။ စင်တာမှာ ကျောင်းတာလူငယ်တွေသာမက တက္ကသိုလ်ကျောင်း သား ကျောင်းသူတွေကိုပါ နျူကလီးယားစွမ်းအင်ဆိုင်ရာ ဗဟုသုတရရှိစေနိုင်မှာ ဖြစ်ပြီး လူ့အစွမ်းအားအရင်းအမြစ် မြှင့်တင်ရေး ကဏ္ဍတွေအတွက် များစွာ ဖြစ်စေလာမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ မြန်မာနိုင်ငံတော်အတွင်းက မိဘပြည်သူတွေအနေနဲ့လည်း ခေတ်မီ နျူကလီးယားနည်းပညာတွေကို လေ့လာဖို့ အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်ပြီး ပြည်သူလူထုရဲ့ နျူကလီးယားစွမ်းအင် အပေါ်မှာ အပြုသဘောဆောင်တဲ့ သဘောထားအမြင်တွေကိုလည်း ရရှိလာစေမှာဖြစ်ပါတယ်။ နျူကလီးယားစွမ်းအင်ကို နယ် ပယ်ကဏ္ဍပေါင်းစုံမှာ ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် နျူကလီးယားစွမ်းအင်ကို နယ်ပယ်ဆိုင်ရာ လေ့ ကျင့်ရေးနဲ့ ကျွမ်းကျင်မှုအရည်အသွေး ဖွ့ွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာအရ လူ့အစွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရေးလုပ်ငန်းအဖွ့ဲကို ဖွဲ့စည်းခဲ့ပြီး ရုရှ-မြန်မာ ပူးတွဲလုပ်ငန်းဆွေးနွေးပွဲတွေ မကြာသေး ခင်ကလည်း ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် Country Plan ရေးဆွဲပြီးတော့မှ နိုင်ငံအတွင်းမှာ နျူကလီး ယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် လိုအပ်တဲ့ ဘာသာရပ်နဲ့ ရုရှနိုင်ငံမှာ ရုရှားနိုင်ငံမှာ လိုအပ်တဲ့ တက္ကသိုလ်တွေမှာ နှစ်စဉ် ပညာတော်သင်တွေ စေလွှတ်နိုင်ပြီး မွမ်းမံသင်တန်းများလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အခုအခါမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံအဆင့်မြင့်ပညာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာရေးထိုးပြီး ဖြစ်တဲ့အ တွက်ကြောင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ စမ်းသစ်တီထွင်မှု ကဏ္ဍပေါင်းစုံမှာ လူ့စွမ်းအားအရင်းအမြင့် ဖွံ့ဖြိုးတိုးတက်လာ စေဖို့ အတွက် ပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်” ဟု ဟူ၍ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဆိုင်ရာ‌တွေ အသိပညာ ပြန့်ပွားနိုင်ရန်အတွက် အဓိက ကျသည့်နျူကလီးယား သတင်း အချက်အလက်စင်တာ ဖွင့်လှစ်နိုင်တဲ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတို့အကြားမှာ ပူးပေါင်း ဆောင်ရွက်သည့် သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုလျှင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM တို့အကြား ငြိမ်းချမ်း သော ရည်ရွယ်ချက်များဖြင့် နျူကလီးယားစွမ်းအင်တိုးချဲ့ ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နည်းလည်မှုစာချွန်လွှာကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနပြည် ထောင်စု ဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM CEO တို့မှ ရုရှားနိုင်ငံတွင် ၂၀၁၅ခုနှစ်က လက်မှတ်ရေးထိုးရာကနေ အစပြုခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် အဆိုပါ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်နိုင်ရန် ရုရုား-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ငြိမ်း ချမ်းသည့် ရည်ရွယ်ချက်များဖြင့် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန်၂၀၁၆၊ခုနှစ် ၂၀၁၈ ခုနှစ် ၊၂၀၁၉ ခုနှစ် ၊၂၀၂၀ပြည်နှစ်တို့တွင် ရုရှား- မြန်မာပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကို ၄ကြိမ်တိုင် ကျင်းပခဲ့ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင် ဖွ့ွံဖြိုးတိုးတက်လာစေရေး ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရုရှားဖက် ဒရေးရှင်း နိုင်ငံ မော်စကိုမြို့မှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့်ROSATOM တို့အကြား နျူကလီးယားစွမ်းအင် အသုံးချ ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြင့်တင်ရန်အတွက် ကျွမ်းကျင်မှုအရည်အသွေး တိုးတက် မှုတွေမှာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ်တွင် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထား အမြင်တွေ ရရှိနိုင်စေရန် နားလည်မှု စာချွန်လွှာ ၂ခုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။ “ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာ ၂စောင်အနက်က နျူကလီးယားစွမ်းအင်အပေါ်မှာ ပြည်သူလူထုရဲ့ အပြုသ ဘောဆောင်တဲ့ သဘောထားအမြင်တွေ ရရှိနိုင်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအရ အခု နျူကလီးယား သတင်းအချက်အလက် နည်းပညာ စင်တာကို ထူထောင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစင်တာဖော် ဆစ်ပြီးလို့ရှိရင် ၂၀၂၃၊၂၀၂၄ ခုနှစ်မှာ ဆောင်ရွက်ဖို့ နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာ ပြန့်ပွား လုပ်ငန်းပိုင်း နဲ့ပတ် သက်တဲ့ ရှေ့လုပ်ငန်းစဉ်ကို သဘောတူညီခဲ့ပြီးလည်း ဖြစ်ပါတယ်” ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။ ယင်းအခမ်းအနားတွင် ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီး အကဲ ကလည်း စင်တာဖွင့်လှစ်မှုအ ပေါ် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ရှေ့မှောက်တွင် ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီး အကဲနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ Intergovermental Agreement အား မြန်မာ၊ ရုရှား၊ အင်္ဂလိပ် ၃ ဘာသာဖြင့် လက်မှတ်ရေးထိုးခြင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း များပြုလုပ်ခဲ့သည်။

Total Views ~ 177

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43339

© 2022 - 2025 News. All Rights Reserved.