၂၀၂၃ ၊ မတ် ၇
ယမန်နေ့ မတ်လ ၅ ရက် နံနက် ၅နာရီခန့်တွင် တပ်မတော်စစ်ကြောင်းသည် မြို့မရဲစခန်း(ရွှေကူ)၏မြောက်ဘက် ၅ မိုင်ခန့်အကွာ ရွှေကူမြို့နယ်၊ ကျောက်တစ်လုံး ကျေးရွာ၏ အနောက်မြောက်ဘက်နေရာသို့ ရောက်ရှိစဉ် KIA/PDF အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲမှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၂၀ ဦးခန့်သည် ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး ၄၀ မမ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ၆၀ မမ လက်နက်များဖြင့်လည်းကောင်း စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KIA/PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်သည့်နေရာ၏ အရှေ့မြောက်ဘက်သို ထွက်ပြေးစဉ် ကျောက်တစ်လုံးကျေးရွာအတွင်း မီးရှိဖျက်ဆီးခဲ့သော ကြောင့် ကျေးရွာရှိ လူနေအိမ် ၁၆၂ လုံးရှိသည့်အနက် ၈ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရသည်။