ဆောက်လုပ်ရေးအိမ်ဆောက်ပစ္စည်းစျေးနှုန်းတွေ မြင့်မားနေဆဲဖြစ်

၂၀၂၃ စက်တင်ဘာလ ၁၈

လတ်တလောကာလတွင် အိမ်ဆောက်ပစ္စည်းစျေးနှုန်းတွေ မြင့်မားနေဆဲဖြစ်ပြီး ယိုးဒယားကြွေးပြားတစ်ချပ်လျှင် ကျပ် ၁၇၅၀ အထိပေါက်စျေးရှိနေတယ်လို့ အိမ်ဆောက်ပစ္စည်းစျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။

“စျေးတွေကလည်းတက်တယ်။ မနေ့နဲ့ဒီကနေ့တောင်မတူဘူး။အကုန်လုံးကတက်နေတော့ အခန်းစျေးတွေတက်တာလည်းမပြောနဲ့လေ။ ဟိုတလောကဆို ကြွေပြားသွားဝယ်တာ တစ်ချပ်ကို ၁၃၅၀ လောက်ကို နောက်တစ်ခန်းခင်းမယ်လည်းဆိုရော စျေးမကပ်ထားတော့ ဘယ်လိုဖြစ်တာလဲလို့မေးတော့စျေး ၂၀၀ တက်သွားလို့တဲ့ စျေးထပ်တက်မှာဆိုတော့ စျေးမကပ်ထားတာတဲ့ နောက်နေ့လည်းကျရော ကြွေပြားတစ်ချပ်ကို ၄၀၀ တက်သွားတယ်။ ၁၇၅၀ လောက်အထိဖြစ်သွားတယ်။ ယိုးဒယားကြွေပြားတွေတစ်ချပ်ကို ၄၀၀ တက်တယ်ဆိုတော့ ညီမတို့က ကြွေပြားအချပ်ရေ ၅၅၀ ခင်းရတဲ့အတွက်ကြောင့် နှစ်သိန်းပိုပေးဝယ်ခဲ့ရတယ်။အဲ့ဒါနဲ့စျေးက ၄၀၀ ကွာသွားတယ်။ တစ်အိမ်လုံးခင်းမယ်ဆိုတော့ အများကြီးဝယ်ရတာကိုး။အဲ့ဒါကြောင့် နှစ်သိန်းပိုပေးလိုက်ရတယ်။စျေးတွေကလည်းတက်သလို အိမ်ပြင်တဲ့သူတွေကလည်း သူတို့ပါစျေးတွေလိုက်တက်လာတယ်။ အဲ့တော့ပြင်တဲ့စရိတ်က ဟိုကတက်၊ ဒီကတက်တာနဲ့ဆိုတော့လေ။တိုက်ခန်းဌားတာတွေဝယ်တာ၊ ရောင်းတာတွေစျေးနှုန်းတွေပါ လိုက်တက်လာတာပါ”လို့ ရန်ကုန်မြို့ရှိ အိမ်ခြံမြေဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက မြင့်မားနေတဲ့ အိမ်ဆောက်ပစ္စည်းစျေးကွက်အကြောင်းကို ပြောပြပါတယ်။

လက်ရှိကာလမှာ အိမ်ပြုပြင်ထိန်းသိမ်းရတဲ့စရိတ်တွေ တက်လာတဲ့အတွက် ရန်ကုန်မြို့ရှိ အိမ်ခန်း၊ တိုက်တာတွေရဲ့ အခန်းဌားရမ်းခနှုန်းထားစျေးတွေကလည်း လိုက်ပါမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အခုလို အိမ်ဆောက်ပစ္စည်းစျေးနှုန်းတွေ မြင့်မားနေလို့ အိမ်အလှဆင်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း အခက်တွေ့နေရတယ်လို့လည်း သိရပါတယ်။

Total Views ~ 411

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43093

© 2022 - 2025 News. All Rights Reserved.