ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO ) ပါတီ စည်းရုံရေးဆင်းရန် အခက်အခဲ မရှိ၊ မဲဆန္ဒနယ်မြေ သတ်မှတ်ချက်ကို စောင့်ဆိုင်းနေ

နေပြည်တော်၊ ဒီဇင်ဘာ ၁၇
    ပါတီစည်းရုံးရေး အခက်အခဲမရှိသော်လည်း မဲဆန္ဒနယ်မြေ သတ်မှတ်ချက်နှင့် ရွေးကောက်ပွဲအား မည်သည့်စနစ်ဖြင့် သွားမည်ကို မသိရသေးသောကြောင့် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    ကျွန်တော်တို့ ပါတီရုံးဖွင့်တဲ့ ဧရိယာကတော့ ပြဿနာမရှိဘူး။ စည်းရုံးရေးလုပ်ဖို့က ပြဿနာမရှိဘူး။ ကျွန်တော်တို့ စောင့်နေတာက ရွေးကောက်ပွဲ ဘယ်စနစ်နဲ့ သွားမလဲ။ ဘယ်မဲဆန္ဒနယ်ကို ဘယ်လိုလုပ်မလဲ။ အဲဒါသိမှလည်း လူထုကြားကို ဆင်းတဲ့အခါမှာ ပြောပြလို့ရမယ်။ အဓိကတော့ ကျွန်တော်တို့ပါတီအင်အားကို အခိုင်အမာ တည်ဆောက်ထားဖို့ပါ။ ကိုယ့်ပါတီဝင်တွေလည်း ကိုယ့်ပါတီအပေါ် ယုံကြည်စိတ်ချ ဖို့ အဓိက ဆောင်ရွက်ထားတယ်။ လူထုကြားမှာ စည်းရုံးရေးဆင်းဖို့တော့ ကျွန်တော်တို့ မလုပ်သေးဘူး။့ UEC ကတော့ သူက တိုက်တွန်းတယ်။ တစ်ဖက်ကလည်း ကျွန်တော် တို့က စည်းရုံးရေးလုပ်ရင် တစ်ဖက်လူအ တွက် အဆင်မပြေမှာလည်း စိုးတဲ့အတွက် ထည့်စဉ်းစားပေးရတယ်။ အဓိက ဘယ်စနစ်နဲ့သွားမလဲ PR နဲ့လား၊ FPTP  နဲ့လား၊ နောက်တစ်ခုက ရွေးကောက်ပွဲလုပ်မယ့် ဧရိယာ ဘယ်နေရာ ဘယ်မြို့နယ်တွေ ဘယ်ပုံစံနဲ့ သွားမလဲ။ အဲဒါတွေသိမှလည်း ကျွန်တော်တို့ ဝင်ပြိုင်မယ့်နေရာကို မဲဆန္ဒရှင်တွေကို ပြောပြလို့ ရမယ်။ စည်းရုံးလို့ရမယ်။ အဲဒီ အပေါ်မှာ အခြေခံပြီးတော့ ဆက်သွားရမှာ ဟု ၎င်းင်းကပြောသည်။ 
    ယခု ဒီဇင်ဘာလအတွင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေဖြင့် ပင်လောင်းမြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက်များနှင့် ပါတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 
    အလားတူ ဟိုပုံးမြို့နယ်ရှိ ပါတီဝင်များ၊ တောင်ကြီးမြို့နယ်ရှိ ပါတီဝင်များ၊ လွိုင်လင်မြို့နယ်ရှိ ပါတီဝင်များ၊ ဆီဆိုင်မြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံကာ မြို့နယ်အဆင့် ပါတီဝင်များ သိသင့် သိထိုက်သည်များ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရ သည်။  ကွန်းဈာန်

Total Views ~ 126

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43105

© 2022 - 2025 News. All Rights Reserved.