ရန်ကုန်၊ ဇန်နဝါရီ ၂၉
မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank-MTB)နှင့် ATG Systems Group တို့ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း MTB မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာ့ခရီးသွားဘဏ်နှင့် ATG Systems Group တို့သည် MTB Bank ၏ ICT services, Data Center, Solar Soluti-ons, e-Commerce, Learning Managem-ent System နှင့် e-Sport အစရှိသော နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအား ATG Systems Group နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဇန်နဝါရီ ၂၇ ရက် တွင် ရန်ကုန်မြို့ ဆူးလေလမ်းမကြီးပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်)၌ နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် "မြန်မာ့ခရီးသွားဘဏ်"၏ CEO ဦးဝင်းလွင်နှင့် "ATG Systems Group" ၏ Co - Founder ဦးဇော်မြင့်ဦးတို့က သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ကြပြီး 'မြန်မာ့ခရီးသွားဘဏ်'၏ CTO ဦးဝင်းကိုထွဋ်နှင့် "ATG Systems Group" ၏ Senior Business Development Manager ဒေါ်ခင်သန္တာစိုးတို့က အသိသက်သေများအဖြစ် အောင်မြင်စွာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ခရီးသွား ဘဏ် MTB မှ သတင်းထုတ်ပြန်ခဲ့သည်။ နဒီ