မြန်မာ-ရုရှား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁
    မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကဏ္ဍအလိုက် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား နှစ်နိုင်ငံ ကျန်းမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက် မှ ဒီဇင်ဘာလ ၆ ရက်အထိ ပြုလုပ်သော ၂၀၂၄ ခုနှစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E.Mr.Mikhail A. Mura-shko ၏ ဖိတ်ကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ် ဦးစိန်ဝင်းပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
    ခရီးစဉ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Oleg O. Salagai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံသီးခြားအစည်း အဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကဏ္ဍအလိုက် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင် ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
    ဖိုရမ်ကျင်းပသော EXPOCENT-RE Fairgrounds တွင် ကျင်းပသော ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Mr. Mikhail A. Murashko နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြားဖိတ်ကြားထားသော နိုင်ငံအသီးသီးမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။   ထူးမြတ်

Total Views ~ 120

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43061

© 2022 - 2025 News. All Rights Reserved.