နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံကျော်တေးရေးဆရာတစ်ဦးကို သီချင်းနှစ်ပုဒ်အပ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သော UEC နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
"ရွေးကောက်ပွဲ လှုံ့ဆော်တဲ့သီချင်းနဲ့ပတ်သက်ပြီး PR နဲ့ပတ်သက်တဲ့ သီချင်းနှစ်ပုဒ် ထုတ်ဖို့ရှိပါတယ်။ နောက်တစ်ခါ သီချင်းအသစ်နဲ့ပတ်သက်ပြီး မြန်မာ့အသံနဲ့ ၁၂ ပုဒ် ရိုက်ကူးဖိုရှိပါတယ်။ အလားတူ နိုင်ငံကျော်တေးရေးဆရာတစ်ဦး၊ နာမည်တော့ ထုတ်ဖော်မပြောတော့ဘူး။ သူ့ကိုလည်း နှစ် ပုဒ်အပ်ထားတယ်။ အားလုံးပေါင်း ၁၄ ပုဒ် ဖြစ်သွားမှာပေါ့။ နောက်ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးဖို စီစဉ်နေပါတယ်"ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင် အသိပညာပေး (Voter Education) ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များရှိနေပြီး ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အသိပေးလှုံ့ဆော်တဲ့ Billboard များကိုလည်း တိုင်းနှင့်ပြည်နယ်အနှံ့ စိုက်ထူခြင်းများလည်း လုပ်ဆောင်သွားမည်ဟု သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်အထိ တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး တည်ထောင်ခွင့်စိစစ်ဆဲပါတီအနေဖြင့် တစ်ပါတီရှိနေကြောင်း သိရသည်။ နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်မှ အမိန့်ကြော်ငြာစာထုတ်ပြန်သည့် နေ့ရက်အတွင်း ပါတီဝင်အင်အားပြည့် မီရေးနှင့်ပါတီရုံးခန်းများ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ကြဖို့ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အဆိုပါတွေ့ဆုံမှုတွင် တိုက်တွန်းပြောကြား ခဲ့သည်။
ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီအလံလွှင့်ထူခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများမှလွဲပြီး အခြားအဆောက်အ အုံများတွင် သက်ဆိုင်ရာ ဒေသန္တရအဖွဲ့အစည်းများ၏ စည်းကမ်းများနှင့်အညီ ရုံးခန်းဖွင့်လှစ်ရန်၊ ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းမပြုလုပ်မီ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ အသိပေးရန် UEC က ဖြေလျှော့ပေးထားကြောင်း၊ ထို့အပြင် ပါတီတွင်းနှင့် ပါတီပြင်ပစည်းရုံးရေး ဆောင်ရွက်မှုကို မှတ်ပုံတင်ခွင့်ရရှိပြီးသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုအကျိုး၊ ဒေသအကျိုးများကို တတ်နိုင်သမျှ စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး ကိုကိုက ပြောကြားခဲ့သည်။ ညီသစ်