ရန်ကုန်၊ မေ ၁၄
UID နံပါတ်ရယူလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွားရောက် ဆောင်ရွက်ကြပါရန်နှင့် ကြားပွဲစားများဖြင့် ဆက်သွယ်၍ UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
UID နံပါတ်ဆိုသည်မှာ လူတစ်ဦးချင်းစီကိုင်ဆောင်သည့် နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြု ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးနှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ၏ ကိုယ်ရေးအချက် အလက်များအပေါ်မူတည်၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူ ငယ်အိမ်တို့ကိုပေါင်း စပ်ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်အား Random ဖြင့် ကျရာနံပါတ်ထုတ်ပေး ခြင်းဖြစ်သည့်အတွက် ကာယကံရှင်ကိုယ် တိုင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ် နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူကာ UID နံ ပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိသည်။
UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများနှင့် Mobile Team များ ကွင်းဆင်းဆောင်ရွက်မှုများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် UID နံပါတ်ရ ရှိရေးအတွက်ကြားပွဲစားများဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး (Passport) ရုံးများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်။ ရေဆိပ်၊ နယ်စပ်ဂိတ် များတွင် တရားဝင်ထုတ် ပေးထားခြင်းမရှိသည့် UID နံပါတ်အတုများ အသုံးပြုခဲ့သဖြင့်ဥပဒေနှင့်အညီ အရေးယူခံရသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။
အဆိုပါ UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ပြီး UID နံပါတ်ရယူလို သူပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝက မြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွား ရောက်ဆောင်ရွက်ကြပါရန်နှင့် ကြားပွဲစားများဖြင့် ဆက်သွယ်၍ UID နံပါတ်အတုများ ကိုင်ဆောင်အသုံး ပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ်ပါကြောင်းနှင့် UID နံပါတ်ရရှိရေးအတွက် ဆောင်ရွက်ရာ တွင် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာန၏ Facebook စာမျက်နှာမှတစ်ဆင့် ဆက်သွယ်တိုင်ကြား ထုတ်ပြန်ကြေညာထားသည်။