၂၀၂၃ ၊ မတ် ၃
ကန့်ဘလူမြိုနယ်၌ လုံခြုံရေးအဖွဲအား အကြမ်းဖက်အုပ်စု PDF က လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် စစ်သည် ၃ ဦး၊ ရဲတပ်ဖွဲဝင် ၁ ဦး၊ ပြည်သူ့စစ် ၄ ဦးကျဆုံးပြီး ရဲတပ်ဖွဲဝင် ၁ ဦး၊ ပြည်သူ့စစ် ၄ ဦး ဒဏ်ရာရရှိ၍ စစ်သည် ၂ ဦး၊ ပြည်သူ့စစ် ၃ ဦး ပျောက်ဆုံးကာ အရပ်သား ၁၂ ဦး (ကျား ၁၁ ၊ မ ၁) သေဆုံးခဲ့ပြီး ၄ ဦး(ကျား ၃ ၊ မ ၁ )ဒဏ်ရာရရှိကာ လက်နက်များပါဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (မတ် ၂)နံနက် ၅နာရီ၃၅ မိနစ်အ ချိန် ကန့်ဘလူခရိုင် ကန့်ဘလူမြိုနယ်၏ အရှေ့မြောက်ဘက် ၂၆ မိုင်ခန့်အကွာချပ်ကြီးကျေးရွာရှိ အထက(ချပ်ကြီး)အခြေပြု
လုံခြုံလုံခြုံရေးပူးပေါင်းအဖွဲအနက် အခြေပြု၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ ပင့်သာကြီးလမ်းခွဲ၌ လှုပ်ရှားတပ်ခွဲ(၄)မှ အင်အား၁၀ ဦးဖြင့်လည်းကောင်း၊ အခြေပြု၏ အရှေ့တောင်ဘက် ၂ ဖာလုံခန့်အကွာ တောခြေရွာအနီး၌ လှုပ်ရှားတပ်ခွဲ(၄)မှ အင်အား ၉ ဦးဖြင့်လည်းကောင်း၊ အခြေပြု၏ အနောက် တောင်ဘက် ၂ ဖာလုံခန့်အကွာ တောခြေရွာအနီး၌ ကစရတပ်မှ အင်အား ၂ ဦးနှင့်။ပြည်သူ့စစ်အဖွဲမှအင်အား ၆ ဦးဖြင့်လည်းကောင်း အဖွဲ ၃ ဖွဲခွဲ၍ ကာကင်း ဆောင်ရွက်နေစဉ် အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)မှ ချပ်ကြီးကျေးရွာပတ်လည် မီတာ ၅၀၀ ခန့်အကွာမှ လက်လုပ်စိန်ပြောင်း/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လခရပူးပေါင်း အဖွဲမှပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ထိုနောက် ယင်းနေ့ နံနက်၇နာရီ၂၅ မိနစ်တွင် အကြမ်းဖက်အုပ်စု PDF များသည် ပင့်သာကြီး ကျေးရွာလမ်းခွဲရှိ ကာကင်းအဖွဲအားလည်းကောင်း၊ အထက(ချပ်ကြီး)အားလည်းကောင်း အင်အားအလုံး အရင်းဖြင့် ဝိုင်းဝန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ နေအိမ်များအားမီးရှိလျက်ရှိသည့်အတွက် MI-35 တပ်မတော်ရဟတ်ယာဉ် ၁ စီး ရောက်ရှိ ပစ်ကူပေးခဲ့ရာ အကြမ်းဖက်အုပ်စု PDF များသည် အခြေပြု၏အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ ခမGA-၇၅၅၉၆၅ ပင့်သာကြီးကျေးရွာဘက်သိုလည်းကောင်း၊ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်ငုတ်တိုကျေးရွာဘက်သိုလည်းကောင်း အသီးသီးဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်
ဖြစ်စဉ်တွင် ကစရတပ်မှ ၁၀ ဦးအနက် တကကအောင်ကိုကိုသက်၊ ဒုတကဇေယျာဝင်း၊ တသအောင်မျိုးမင်း တို ၃ ဦး(ကျဆုံး)၊ လှုပ်ရှားတပ်ခွဲ(၄)မှ လ ၁၇၇၁၆၉ ရဲတက တင်ဝင်းသောင်း(၄၈)နှစ်(ကျဆုံး)၊ ပြည်သူ့စစ်အဖွဲဝင် ဦးနိုင်လင်း (၄၅)နှစ်၊ ဦးဖြိုးဖြိုး(၃၄)နှစ်၊ ဦးသက်နိုင်စိုး (၁၈)နှစ် ၊ ဦးခန့်ဝင်းထွဋ်(၁၈)နှစ်တို ၄ ဦး(ကျဆုံး)၊ဒုရဲအုပ် ကျော်ကိုကိုထွန်း(၂၉)နှစ်တွင် ယာဒူးလက်နက်ကြီးစ ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇော်မြင့်(၄၅)နှစ် တွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ ပြည်သူ့စစ်အဖွဲဝင် ဦးဝင်းတင်(၄၃)နှစ်တွင် ဝဲမျက်ခုံးကျည်ရှပ်မှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဦးစိုးနိုင်ဝင်း(၃၄)နှစ်တွင် ယာလက်ဖျံကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ မောင်စံတော်ချိန်(၂၁)နှစ်တွင် ယာလက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ကစရတပ်မှ ဒုတကအောင်ဖြိုး နှင့် တသဝေလွင်ဦး တို ၂ ဦး(ပျောက်ဆုံး) ပြည်သူ့စစ် အဖွဲဝင်များဖြစ်ကြသည့် ဦးရူပအောင်(၁၈)နှစ်၊ ဦးကျော်မြင့်ဦး (၃၁)နှစ်၊ ဦးဇင်ထက်အောင်(၁၈)နှစ်။တို ၃ ဦး(ပျောက်ဆုံး)ခဲ့ပြီး တပ်မှ MA Serie သေနတ် ၃ လက်၊ ပသစမှ ကာဘိုင် ၆ လက်၊ ၁၂ ဗို ၁ လက် (ပါဆုံး/ပျောက်ဆုံး)သွားကာ ချပ်သင်းနမစမှထုတ်နုတ် ရဲတက မျိုးထိုက် ကိုင်ဆောင်သည့် BA-63ရန်သူ့ကျည်ထိမှန်(ပျက်စီး)ခဲ့ကြောင်းသိရသည်။
ထိုအပြင် အကြမ်းဖက်အုပ်စု PDF က ကျေးရွာအတွင်း၌မီးရှိဖျက်ဆီးခဲ့၍ အိမ်ခြေ ၁၅၀ လုံးခန့် မီးလောင် ပျက်စီးခဲ့ပြီး ရတခမရ(၃၆၈)မှ ချပ်ကြီးကျေးရွာသိုရောက်ရှိ၍ အကြမ်းဖက် ချေမှုန်းရေးဆောင်ရွက်ခဲ့ကြောင်း၊ရွာသူ/သားများအား ချပ်ကြီးကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်းတွင်စုဖွဲထားရှိပြီး ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးအဖွဲမှဆေးကုသပေးလျက်ရှိကြောင်း ချပ်ကြီးကျေးရွာနေသူများဖြစ်ကြသည့် ဦးနိုင်တူး(၃၅)နှစ်၊ ဦးအောင်ဝင်းကျော်(၃၇)နှစ်၊ ဦးသန်းအေး(၆၀)နှစ်၊ ဦးစံတင်(၈၀)နှစ်၊ ဦးဖိုးသာအောင် (၆၅)နှစ် ၊ ဒေါ်ဆန်ချည်(၄၅)နှစ်၊ ဦးချိုလင်း(၄၇)နှစ်၊ ဦးတင်ဖြိုးအောင်(၂၉)နှစ်၊ ဦးသန်းကျော်(၃၈)နှစ်၊ ဦးခိုင်ဝေဖြိုး(၃၂)နှစ်၊ ဦးမျိုးနိုင်(၄၀)နှစ်၊ ဦးအောင်ထွန်း(၅၅)နှစ်းတို ၁၂ ဦး(ကျား ၁၁၊ မ ၁)တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ/ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဒေါ်ညွန့်လေး(၅၂)နှစ်တွင် ဝဲလက်မောင်း/လက်ဖျံမိုင်းစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)၊ ဦးဉာဏ်ဝင်းအောင်(၃၉)နှစ်တွင် ဦးခေါင်းနောက်စေ့မိုင်းစရှပ်မှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဦးဝင်းနိုင် (၄၅)နှစ်တွင် ဝဲပေါင်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မောင်ဇင်ထက်အောင်(၁၅)နှစ် တွင် ယာလက်မောင်းမိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တိုအသီးသီးရရှိခဲ့ကြောင်း သိရသည်။
ကျဆုံးစစ်သည် ၃ ဦး၊ ရဲတပ်ဖွဲဝင် ၁ ဦး တိုအား ချပ်ကြီးကျေးရွာတောင်ဘက် မြေကွက်လပ်တွင် စစ်အခမ်းအနားဖြင့် မီးသင်္ဂြိုဟ်ခဲ့ပြီး ကျဆုံးပြည်သူ့စစ် ၄ ဦးနှင့် သေဆုံးသူအရပ်သား ၁၂ ဦး(ကျား ၁၁ ၊ မ ၁ ) တိုအား ၎င်းတို၏မိသားစုဝင်များ၏သဘောဆန္ဒအရ မတ် ၃ရက် (ယနေ့)တွင်ကျေးရွာသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။