၂၀၂၃ ၊မတ် ၁၀
ယမန်နေ့ (မတ် ၉)နံနက် ၈နာရီအချိန် ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်၏ အနောက်တောင်ဘက် ၃ ဖာလုံခန့်အကွာ ကျောက်တံခါးမြို ဈေးပိုင်းရပ်ကွက် သမင်အင်းကုန်း (၁)လမ်းထိပ်ရှိ သမင်အင်းကုန်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲက လခရ ဆောင်ရွက်နေစဉ် အကြမ်းဖက်အုပ်စု PDF အဖွဲ(အင်အား-စိစစ်ဆဲ) က Drone ၁ စီးဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ရာ လုံခြုံရေးဂိတ်အနီးရှိ ဦးဟာရေရမ်း(၄၅)နှစ်(ဈေးပိုင်းရပ်ကွက် ကျောက်တံခါးမြိုနယ်နေသူ)၏ နေအိမ်အနောက်ဘက်ကိုက် ၁၀၀ ခန့်အကွာ လယ်ကွင်းထဲသို ကျရောက်ပေါက်ကွဲခဲ့၍ ဦးဟာရေရမ်း တွင် ယာလက်မောင်း/ ရင်အုံ ဗုံးစထိမှန် ဒဏ်ရာ ၂ ချက် (မစိုးရိမ်ရ) နှင့် ၎င်း၏ဇနီး မတိုနာမိုသီး(၃၃)နှစ်တွင် ဝဲပုခုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) တို ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား ကျောက်တံခါးမြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ထားရှိခဲ့ကြောင်းသိရသည်။
ထိုနောက် အခင်းဖြစ်နေရာသို ပူးပေါင်းအဖွဲက ရောက်ရှိစစ်ဆေးရာ အခင်းဖြစ်နေရာမှ နိုင်လွန်ကြိုးဖြင့် တွဲချည်ထားသည့် Drop Bomb အပိုင်းအစ ၂ ခုအား တွေ့ရှိခဲ့ပြီး။ဖြစ်စဉ်တွင် လုံခြုံရေး။ပူးပေါင်းအဖွဲ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။