၂၀၂၄ န်နဝါရီ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေ နက်ဆိပ်ကမ်း စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ကန်ထရိုက်တာများ ရွေးချယ် ခြင်းလုပ်ငန်းများကို ကနေဒါအခြေစိုက် HATCH အတိုင်ပင်ခံ ကုမ္ပဏီနှင့်ပူးတွဲ ဆောင်ရွက်နေကြောင်း မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
စီမံကိန်း၏ ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာစစ်ဆေးမှုလုပ်ငန်း (PGTS) ပြီးဆုံးပြီးနောက် စီမံကိန်းနောက်ဆက်တွဲ ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက် ခြင်းလုပ်ငန်းများအတွက် ယခုပူးတွဲဆောင်ရွက်မှုသည် စီမံကိန်းရှေ့ဆက်ရန်ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်မည်ဖြစ် ကြောင်းဆိုသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (ESIA) အရ စီမံကိန်း၏ နယ်မြေအတိုင်းအတာ သတ်မှတ်ခြင်းအဆင့် လုပ်ငန်းများလည်း ပြီးစီးပြီဖြစ်သောကြောင့် Scoping Report အတွက် သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အတည်ပြုချက် ရရှိထားပြီဖြစ်ကြောင်း သိရသည်။
လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အား ထပ်မံဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) အားလည်း ဒီဇင်ဘာလကုန်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံတာဝန်ရှိများ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်အတွင်း တည်ဆောက် ရေးလုပ်ငန်းများကို စတင်ဆောင် ရွက်နိုင်ပြီဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သည့်မှုများထဲ မှ အရင်းအနှီးကြီးမားသည့် အကြီးစားအခြေ ခံအဆောက်အအုံ တိုးတက်ရေးစီမံကိန်းတစ် ခုဖြစ်ပြီး အဆင့်လေးဆင့် သတ်မှတ်အ ကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ စုစုပေါင်း ဆိပ်ခံတံတား ၁၀ ခု ပါဝင်မည်ဖြစ်သည်။
စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ခုနစ်သန်း လက်ခံနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်း ဖြစ်လာ မည်ဖြစ်သည်။