ကွီးဖြိုး အပါအဝင် NLDဗဟိုအလှုပ်အမှုဆောင်ကော်မတီဝင် ၄ ဦး ထုတ်ပါယ်

၂၀၂၃ မတ် ၃

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ၏မတ်၂ရက်နေ့အစည်းအဝေးတွင် အပတ်စဉ်ပုံမှန်အစည်းအဝေးများတွင် တက်ရောက်လာသည့် ဗဟို ကော်မတီဝင်များ၊ တိုင်းနှင့် ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများကလည်း အဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ အောက်ဖော်ပြပါ ပါတီဝင်များအား အဖွဲချုပ်မှ ပေးအပ်ထားသောတာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်းနှင့် ယင်းတို၏ ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲချုပ်နှင့် မည်သိုမျှ သက်ဆိုင်ခြင်းမရှိပါကြောင်း ကြေညာထားသည်။ထုတ်ပါယ်ခံရသူများမှာ 
က) ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
(ခ) ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)
(ဂ) ဦးတိုးလွင် (ဗဟိုကော်မတီဝင်)
(ဃ) ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)တိုဖြစ်သည်ဟုသိရသည်။

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43339

© 2022 - 2025 News. All Rights Reserved.