ချမ်းမြသာစည်မြို့နယ်၌ ရစဖမှူးရုံးတွင် လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲ

၂၀၂၃ ၊ မတ် ၅

ယမန်နေ့(မတ် ၄)ည ၇နာရီ ၅ မိနစ်အချိန် မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၏ အနောက်တောင်ဘက် ၄ ဖာလုံခန့်အကွာ ချမ်းမြသာစည်တောင်ရပ်ကွက် ရစဖမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါသတင်းအရ နမစ(အမှတ်-၁၁)မှ တာ၀န်ရှိသူများ သွားရောက်စစ်ဆေးရာ စစ်ကိုင်းလမ်းအတိုင်း ဦးပွားဂုန်းကျော်တံတားအဆင်း အနောက်မှအရှေ့သို ဆိုင်ကယ် ၁ စီးအား မောင်းနှင်လာသည့် အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ရစဖမှူးရုံးရှေ့အရောက်၌ လက်လုပ်ဗုံး ၁ လုံးအား ပစ်ပေါက်ထွက်ပြေးသွားခဲ့၍ ရစဖမှူးရုံးရှေ့တွင်ရပ်ထားသော ရာအိမ်မှူး ဦးဝင်းဇော်(၄၈)နှစ်  ချမ်းမြသာစည်တောင်ရပ်ကွက် ချမ်းမြသာစည်မြိုနယ် နေသူပိုင် MDY 9A/7080 Honda Fit ယာဉ်အနီးကျရောက်ပေါက်ကွဲခဲ့ပြီး မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကွဲအက်၊ ဝဲဘက်တံခါးဘောစိထိမှန်၊ ရေတိုင်ကီပေါက်၊ ရှေ့ဘီး ၂ ဘီးပေါက်(စုစုပေါင်း တန်ဖိုးငွေ ၅၀၀,၀၀၀ ကျပ်ခန့်)ပျက်စီးခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးပစ်ပေါက်သွားသူများအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာမှစုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 233

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43339

© 2022 - 2025 News. All Rights Reserved.