ညောင်လေးပင်မြို့နယ် ကျောင်းကုန်းကျေးရွာသို  KNU အကြမ်းဖက်များ Drone ဖြင့် Drop Bomb ၁ လုံး ပစ်ချခဲ့၍ အမျိုးသမီး ၁ ဦး သေဆုံး

၂၀၂၃ ၊ မတ် ၂

ယမန်နေ့ (မတ် ၁)ညနေ ၄နာရီအချိန်တွင် ညောင်လေးပင်ခရိုင် ညောင်လေးပင်မြိုနယ်၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာသို KNU သကသ/ အကြမ်းဖက်အုပ်စု PDF  ပူးပေါင်းအဖွဲမှ Drone ဖြင့် Drop Bomb ၁ လုံး ပစ်ချခဲ့သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါသတင်းအရ  ပူးပေါင်းအဖွဲ ကျောင်းကုန်းကျေးရွာသို ရောက်ရှိစစ်ဆေးရာ အဆိုပါကျေးရွာနေ ဒေါ်အေးသန်း(၅၇)နှစ်၏ နေအိမ်မြောက်ဘက် ပေ ၂၀၀ ခန့်အကွာရှိ ခြံကွက်လပ်အတွင်းသို Drop Bomb ၁ လုံး ပြုတ်ကျပေါက်ကွဲခဲ့သဖြင့် ဒေါ်အေးသန်း တွင် ဝဲချိုင်းအောက် ဗုံးစထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်ကို 
 စစ်ဆေးတွေ့ရှိခဲ့၍ အလောင်းအား ပိန်းဇလုတ် တိုက်နယ်ဆေးရုံသို ပိုဆောင်ထားရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ KNU သကသ/ အကြမ်းဖက်အုပ်စု PDF ပူးပေါင်းအဖွဲ(ဖမ်းမမိ)အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်စစ်ဆေးပြီး တရားခံများဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိကြောင်း သိရသည်။

Total Views ~ 347

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43336

© 2022 - 2025 News. All Rights Reserved.